စနစ်ဟောင်းတက္ကသိုလ်ဝင်စာမေးပွဲ နောက်ဆုံး အကြိမ်ဖြေဆိုမှုလျှောက်လွှာတင်သွင်းခြင်းအား အောက်တိုဘာ ၃၁ ရက်အထိ ထပ်မံတိုးမြှင့်ထား

0
208


တက္ကသိုလ်ဝင်စာမေးပွဲကျရှုံးသူများနှင့်အ ကြောင်းအမျိုးမျိုးကြောင့် ဖြေဆိုခြင်းမရှိခဲ့သည့် ကျောင်းသား၊ကျောင်းသူများအတွက် စနစ်ဟောင်း၊သင်ရိုးဟောင်း တက္ကသိုလ်ဝင်စာမေးပွဲအား နောက်ဆုံးအကြိမ်အဖြစ် ၂၀၂၃ ခုနှစ်၌ ကျင်းပပေးသွားမည်ဖြစ်သည်။

ထိုသို့ ကျင်းပရာ၌ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ကျောင်းသူများအနေဖြင့် ဖြေဆိုခွင့်လျှောက်လွှာတင်သွင်းမှုအဆင်ပြေစေရန်  အောက်တိုဘာ ၃၁ ရက်အထိ(တစ်လကြာ)ထပ်မံရက်တိုးမြှင့်ပေးခဲ့သည်ဟု မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက အသိပေးထုတ်ပြန်ခဲ့သည်။

ထိုသို့ ရက်တိုးမြှင့်ပေးခဲ့ခြင်းမှာ ဝေးလံသည့်ဒေ သများမှ ကျောင်းသား၊ကျောင်းသူများနှင့်အ ကြောင်းအမျိုးမျိုးကြောင့် အချိန်မီ တက္ကသိုလ်ဝင်စာမေးပွဲလျှောက်လွှာ မတင်သွင်းနိုင်သေးသည် ကျောင်းသား၊ကျောင်းသူများ အဆင်ပြေစေရန် တိုးမြှင့်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက စနစ်ဟောင်း၊သင် ရိုးဟောင်း တက္ကသိုလ်ဝင်စာမေးပွဲ နောက်ဆုံးအ ကြိမ်အဖြစ်ဖြေဆိုရန် ဖြေဆိုခွင့်လျှောက်လွှာများအား စက်တင်ဘာ ၁ ရက်မှ ၃၀ ရက်အတွင်း တင်သွင်းလျှောက်ထားရမည်ဟု အသိပေးထုတ်ပြန်ခဲ့ပြီးနောက် ယခု လျှောက်လွှာတင်သွင်းရက်အား တစ်လထပ်မံတိုးပေးခဲ့ခြင်းဖြစ်သည်။

စာမေးပွဲဝင်ခွင့်လျှောက်လွှာနှင့်ကတ်ပြားတွင်ဖော်ပြထားသည့် ဘာသာတွဲမှအပ အခြားဘာ သာတွဲသို့ပြောင်းလဲဖြေဆိုခွင့်ပြုမည်မဟုတ်၍ ဖြေဆိုမည့်ဘာသာတွဲအလိုက်ပုံစံများအား မှန် ကန်မှုရှိ၊မရှိသေချာစွာစစ်ဆေးရမည်ဟု မြန်မာ နိုင်ငံစာစစ်ဦးစီးဌာနက အသိပေးထုတ်ပြန်ထား သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here