မြန်မာအမျိုးသားလေကြောင်း (MNA) ၏ လွိုင်ကော်ခရီးစဥ်အား ရက်အကန့်အသတ်မရှိရပ်နား

0
314

မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA)၏ လွိုင်ကော်ခရီးစဥ်အား စက်တင်ဘာ ၃၀ ရက်(ယနေ့)မှစတင်၍ ရက်အကန့်အသတ်မရှိ ရပ်နားသည်ဟု Myanmar National Airlines Loikaw ကအသိပေးထုတ်ပြန်ခဲ့သည်။

ထိုသို့ ရပ်နားခဲ့သဖြင့် လေယာဉ်လက်မှတ်ဝယ်ထားသူများသည် လက်မှတ်ဝယ်ယူထားသည့် အရောင်းဌာနများ၌ ပြန်အမ်းငွေပြန်လည်ထုတ်ယူနိုင်သည်ဟု အသိပေးခဲ့သည်။ “လွိုင်ကော် ခရီးစဉ်ကို အကန့်အသတ်မရှိ ရပ်ဆိုင်းတယ်ဆိုတာ မှန်ပါတယ်”ဟု MNA လေကြောင်း လိုင်းမှ တာဝန်ရှိသူတစ်ဦးမှ အတည်ပြုပါသည်။

MNA လေကြောင်းလိုင်း၏ ရန်ကုန်-နေပြည်တော်-လွိုင်ကော်ပျံသန်းပြေးဆွဲပေးနေသည့် ခရီးသည်တင်လေယာဥ်အမှတ် XY-AML သည် ယနေ့နံနက်ပိုင်းက လွိုင်ကော်လေဆိပ်သို့ ဆင်းသက်ရန်ပြုလုပ်စဥ် လက်နက်ကိုင်အဖွဲ့ဝင်များ၏ သေနတ်ဖြင့်ပစ်ခတ်ခြင်းခံခဲ့ရသည်။

ဖြစ်စဥ်၌ လေယာဥ်ပေါ်တွင် လိုက်ပါလာသည့် အမျိုးသားတစ်ဦး၏ ညာဘက်ပါးတွင် ကျည်ဖောက်ဝင်ဒဏ်ရာရရှိခဲ့သဖြင့် လွိုင်ကော်မြို့ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here