ရန်ကုန်တိုင်း အပါအဝင် တိုင်း ၃ တိုင်းရှိ မြို့နယ်များ၌ လေပြင်းတိုက်ခတ်၍ သစ်ပင်များလဲကျခဲ့

0
256


ရန်ကုန်တိုင်း၊မကွေးတိုင်းနှင့်မန္တလေးတိုင်းတို့ရှိ မြို့နယ်များတွင် စက်တင်ဘာ ၂၉ ရက်က တစ်ရက်တည်းဖြင့် လေပြင်းတိုက်ခတ်ခဲ့မှုများကြောင့် သစ်ပင်လဲကျမှုများဖြစ်ပေါ်ခဲ့သည်ဟု မြန်မာ နိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

ဖြစ်စဥ်များမှာ ယင်းနေ့ည ၉ နာရီ ၁၀ မိနစ်ခန့်က ရန်ကုန်တိုင်း၊ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊အမှတ်(၂၆)ရပ်ကွက်၊မြို့မငြိမ်းလမ်းတွင် သစ် ပင်လဲကျပြီး လမ်းပိတ်နေသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းများက ဖယ်ရှားရှင်းလင်းပေးခဲ့ကြသည်။

အလားတူ မကွေးတိုင်း၊ကံမမြို့နယ်၊အမှတ်(၂) ရပ်ကွက်ရှိ ကံမ-သရက်သွားကားလမ်း၏ မြို့ဦးစေတီအနီးတွင် စက်တင်ဘာ ၂၉ ရက်ည ၆ နာရီ ၄၀ မိနစ်ခန့်က သစ်ပင်လဲကျ၍ လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့သည်။

ထို့ပြင် ည ၆ နာရီ ၂၀ မိနစ်ခန့်ကလည်း မန္တလေး တိုင်း၊ပျော်ဘွယ်မြို့နယ်၊တမာကုန်းကျေးရွာရှိ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် ၂၉၂/၇ အနီးတွင် ကုက္ကိုပင်လဲကျပြီး လမ်းပိတ်သွားခဲ့သည်။

ထို့အတူ မန္တလေးတိုင်း၊မတ္တရာမြို့နယ်၊လက် ကောင်းကျေးရွာ၌ နေ့လည် ၃ နာရီ ၅၀ မိနစ်ခန့်က လေပြင်းတိုက်ခတ်၍ နေအိမ်ပေါ်သို့ မန်ကျည်း ပင်လဲကျခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဥ်အား မတ္တရာမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့် Madaya Rescue အဖွဲ့တို့က ရှင်းလင်းရေးလုပ်ငန်းများသွားရောက်ပြုလုပ်ခဲ့ကြပြီး ထိခိုက်ဒဏ်ရာရရှိမှာမရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ညနေ ၄ နာရီ ၁၀ မိနစ်တွင်လည်း မန္တလေး တိုင်း၊စဉ့်ကူးမြို့နယ်၊လက်ပန်လှကျေးရွာအနီးရှိ မန္တလေး-မိုးကုတ်သွားကားလမ်း၏ မိုင်တိုင်အ မှတ် ၅၀/၇ နှင့် ၅၁ ကြားတွင် လေပြင်းတိုက်ခတ် ၍ ကားလမ်းမပေါ်သို့ ထနောင်းပင် လဲကျ၍ လမ်းပိတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ သစ်ပင်လဲကျမှုဖြစ်စဥ်များအား သက်ဆိုင် ရာမြို့နယ်မီးသတ်စခန်းအသီးသီးမှတပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းများက ဖယ်ရှားရှင်း လင်းပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here