ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို ထိုင်းနိုင်ငံနှင့်ညှိနှိုင်းဆွေးနွေးသွားမည်

0
265


မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ဗဟိုလုပ်ငန်းအဖွဲ့၏ (၃/၂၀၂၂)ကြိမ်မြောက်ညှိနှိုင်းအစည်းအဝေး၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

အထူးစီးပွားရေးဇုန်များတိုးတက်ရန် ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စများအား အထူးစီးပွားရေးဇုန်ဥပဒေနှင့်အညီ စနစ်တကျဆောင်ရွက်ရန်၊သီ လဝါအထူးစီးပွားရေးဇုန်၏ လုပ်ငန်းများ ချောမွေ့စွာ ဆက်လက်လည်ပတ်နိုင်ရန်တို့အား ပြည် ထောင်စုဝန်ကြီးကဆွေးနွေးပြောကြားခဲ့သည်။

အလားတူ ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေ နက်ဆိပ်ကမ်းစီမံကိန်း၏ လိုအပ်သည့် လုပ်ငန်း စဉ်များကို ဆက်လက်ဆောင်ရွက်၍ ထားဝယ်အထူးစီးပွားရေးဇုန် ကနဦးစီမံကိန်းနှင့်ပင်မစီမံ ကိန်းများ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် ထိုင်းနိုင်ငံနှင့်ညှိနှိုင်းဆွေးနွေးသွားရမည်ဟု ပြောသည်။

ထို့အတူ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များ၊အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ၊ဥက္ကဋ္ဌများက ကဏ္ဍအလိုက် ဆောင်ရွက်နေမှုများအား အသေးစိတ်ရှင်းလင်းတင်ပြခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here