SIM Card မှတ်ပုံတင်ပြုလုပ်ရာတွင် ဖြည့်စွက်ထားသည့် အမည်၊မှတ်ပုံတင်အမှတ်တို့အား လူ ဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာ န၏ National Database အချက်အလက်များ ဖြင့်တိုက်ဆိုင်စစ်ဆေးသွားမည်

0
324

…ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ဖုန်း SIM Card များမှတ်ပုံတင်ခြင်းကို ပြန်လည်စစ်ဆေးရာတွင် SIM Card မှတ်ပုံတင်ပြုလုပ်ရာ၌ ဖြည့်စွက်ထားသည့် အမည်၊မှတ်ပုံတင်အမှတ်တို့အား လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီဌာန၏ National Database အချက်အလက်များဖြင့်တိုက်ဆိုင်စစ်ဆေးသွားမည်ဟု အသိပေးထုတ်ပြန်ခဲ့သည်။

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ စိစစ်ချက်အရ SIM Card သုံးသူအချို့သည် အမည်၊မှတ် ပုံတင်အမှတ်တို့အား မှန်ကန်စွာဖြည့်စွက်ခြင်းမရှိဘဲ အသုံးပြုလျက်ရှိသည်ဟု ထုတ်ပြန်ချက်၌ ရေးသားထားသည်။

ထို့ပြင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ e-ID Biographic Registration Software နည်းပညာဖြင့် နိုင်ငံသား၊ဧည့်နိုင်ငံ သား၊နိုင်ငံသားပြုခွင့်ရသူနှင့်အခြား အသိအမှတ် ပြု ကတ်တစ်မျိုးမျိုးကိုင်ဆောင်သူ(၅၂)သန်းကျော်အား National Database တည်ဆောက်၍ စာရင်းသွင်းပြီးဖြစ်သည်။

ထို့ကြောင့် SIM Card မှတ်ပုံတင်ပြုလုပ်ရာတွင် ဖြည့်စွက်ထားသည့် အမည်၊မှတ်ပုံတင်အမှတ်တို့အား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန် ကြီးဌာန၏ National Database အချက်အလက်များဖြင့် တိုက်ဆိုင်စစ်ဆေးသွားမည်ဖြစ်သည်။

ထိုသို့ တိုင်ဆိုင်စစ်ဆေးမည်ဖြစ်၍ သုံးစွဲသူများအနေဖြင့် SIM Card များဝယ်ယူအသုံးပြုရာတွင် မိမိတို့၏ မှတ်ပုံတင်(မူရင်း)ဖြင့် အမည်၊မှတ်ပုံ တင်အမှတ်တို့အား မှန်ကန်စွာဖြည့်စွက်၍ စနစ် တကျမှတ်ပုံတင်နိုင်ပြီးမှ အသုံးပြုရန် လိုအပ်သည်ဟု အသိပေးထုတ်ပြန်ခဲ့သည်။

အလားတူ လက်ရှိအသုံးပြုနေသည့် SIM Card များ၌ အချက်အလက်များမှန်ကန်စွာဖြည့်စွက်ထားခြင်းမရှိကြောင်း စီစစ်တွေ့ရှိရပါက ယင်း SIM Card များကိုအပြီးပိတ်သိမ်းသွားမည်ဖြစ်ကာ ပိတ်သိမ်း SIM Card များရှိ လက်ကျန်ငွေများအား ပြည့်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားမည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။

ထို့အတူ ဆက်သွယ်ရေးအော်ပရေတာများနှင့် SIM Card ရောင်းချသူများသည်လည်း SIM Card များရောင်းချရာတွင် အချက်အလက်များ မှန်ကန် စွာ ပြန်လည်ပြင်ဆင်မှတ်ပုံတင်ရာတွင် ညွှန်ကြား ချက်များနှင့်အညီ စနစ်တကျဆောင်ရွက်ရမည်ဖြစ်ကာ လိုက်နာခြင်းမရှိပါက လုပ်ထုံးလုပ်နည်း နှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပြီး ဆက်သွယ်ရေးအော်ပရေတာများအနေဖြင့်လည်း မိမိတို့၏ SIM Card အသုံးပြုသူများထံ SMS ပေးပို့၍ သတိပေးရမည်ဟု အသိပေးထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် SIM Card များဝယ်ယူအသုံးပြုရာ တွင် မိမိတို့၏ အချက်အလက်များအား မှန်ကန် စွာဖြည့်စွက်၍ မှတ်ပုံတင်ဝယ်ယူသုံးစွဲရန်နှင့် လက်ရှိအသုံးပြုနေသည့် SIM Card များအား အချက်အလက်မှန်ကန်စွာ မှတ်ပုံတင်ထားခြင်း ရှိ/မရှိ ပြန်လည်စစ်ဆေး၍ မမှန်ကန်ပါက သက် ဆိုင်ရာ မိုဘိုင်းအော်ပရေတာများ၏ Online ဝန် ဆောင်မှု၊အရောင်းဆိုင်များ၊ Mobile Shop များတွင် အချက်အလက်မှန်ကန်စွာ ပြန်လည်ပြင်ဆင်မှတ်ပုံတင်ရန် ထုတ်ပြန်ခဲ့သည်။

Noe Noe, [30 Sep 2022 at 16:16:00]:

Photo – flickr


LEAVE A REPLY

Please enter your comment!
Please enter your name here