နေ့စဉ် ဆီသုံးစွဲမှု လျှော့ချနိုင်ပါက ပြည်ပမှ စက်သုံးဆီ တင်သွင်းရမှုကို လျှော့ချနိုင်မည်ဖြစ်​သော​ကြောင့် အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်များကို အားပေးဆောင် ရွက်သွားမည်ဟု နစက ဥက္ကဋ္ဌ ပြော

0
132


စက်တင်ဘာ (၂၉) ရက်က မန္တလေးမြို့ရှိ ရတနာပုံ ခန်းမတွင် စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ပြည်တွင်း စက်သုံးဆီလိုအပ်ချက်မြင့်မားနေခြင်းကြောင်း စိုးရနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များက ပြည် ပမှတဆင့် စက်သုံးဆီ ဂါလန် သန်းနှင့်ချီ တင်သွင်းနေရပြီး ပုဂ္ဂလိကမှ တင်သွင်းလာသည့် စက်သုံးဆီ ဂါလန် (၁၅) သန်း ဝန်းကျင်ကို ရန်ကုန်မြို့ သီလဝါ ဆိပ်ကမ်းတွင် ကမ်းချခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းလည်း သက်ဆိုင်ရာက သတင်း ထုတ်ပြန်ထား သည်။

ပြည်တွင်းရှိ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများအတွက်လိုအပ်သည့် လျှပ်စစ်ဓာတ်အားရရှိရန် ရေအားလျှပ်စစ်နှင့် နျူကလီးယားစွမ်းအင်သုံး လျှပ်ဓာတ်ထုတ်လုပ်ခြင်းများအပြင် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်းများဆောင်ရွက်သွားမည် ဖြစ် ကြောင်းလည်း နစက ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

ထို့အပြင် အနာဂါတ်တွင် ပို့ဆောင်‌ဆက်သွယ်ရေး ကဏ္ဍအတွက် လျှပ်စစ်ဓာတ်အားကို အသုံးပြုသည့် စက်ယန္တ ရားများဖြင့်အစားထိုး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

ယင်းသို့ ဆောင်ရွက်နိုင်ရန် ပြည်ပရင်းနှီးမြှုပ်နှံမှုများနှင့်လည်း သဘောတူညီချက်များရရှိထားပြီးဖြစ်ကာ လျှပ် စစ်စွမ်းအင်သုံးရထားများနှင့် လျှပ်စစ်ဘတ်စ်ကားများကို Public Transportation ကဏ္ဍ၌ ဦးစားပေးပြေးဆွဲနိုင်ရန် ရည်မှန်းဆောင်ရွက်လျက်ရှိသည်ဟုလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

လက်ရှိတွင် ပြည်တွင်း စက်သုံးဆီဈေးကွက်အတွင်း၌ စက်သုံးဆီဈေးနှုန်းများ တဖြေးဖြေး ပြန်လည်ကျဆင်း လာပြီး တစ်လီတာ ၂၀၀၀ ကျပ် ဝန်းကျင်သို့ ပြတ်လည်ရောက်ရှိနေပြီ ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here