စင်္ကာပူနှင့်ယူကေတို့ အရှေ့တောင်အာရှတွင် စွမ်းရည်မြှင့်တင်ရေးပူးပေါင်းလုပ်ဆောင်ရန်ကတိပြု

0
127


စင်္ကာပူ၊စက်တင်ဘာ ၂၉

စင်္ကာပူနှင့် ဗြိတိန်တို့သည် အရှေ့တောင်အာရှတွင် စွမ်းဆောင်ရည်မြှင့်တင်ရေးပူးတွဲမြှင့်တင်ရန် နားလည်မှုစာချွန်လွှာ  အသစ်ကို စက်တင်ဘာ ၂၉ ရက် ကြာသပတေးနေ့တွင် လက်မှတ်ရေးထိုးခဲ့သည်။

စင်္ကာပူ – ယူကေ တတိယနိုင်ငံလေ့ကျင့်ရေးအစီအစဉ်ဆိုင်ရာ ၊MoU ကို နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘာလာခရစ်ရှနန် နှင့် နိုင်ငံခြားရေး၊ဓနသဟာယနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျိမ်းစ်ကလီဗာလီ တို့ကလက်မှတ်ရေးထိုးခဲ့ကြသည်။

ယခုလအစောပိုင်းက ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရသော မစ္စတာကလီဗာလီသည် ဂျပန်နှင့်တောင်ကိုရီးယားအပါအဝင် စင်္ကာပူသို့သုံးရက်ကြာခရီးရောက်ရှိနေခြင်းဖြစ်သည်။အဆိုပါ MoU သည် ဗြိတိန်နှင့်စင်္ကာပူတို့ကြား ကျယ်ပြန့်သောပူးပေါင်းဆောင်ရွက်မှုအခြေအနေနှင့် နှစ်နိုင်ငံဆက်ဆံရေးကောင်းမွန်ကြောင်း ထပ်လောင်းအတည်ပြုနိုင်သည် ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး၌ အကောင်းဆုံးအလေ့အကျင့်များမျှဝေခြင်းအပါအဝင် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုတွင် နှစ်နိုင်ငံလုံး၏အားသာချက်များကို တည်ဆောက်ထားကြောင်းဝန်ကြီးဌာနကပြောကြားခဲ့သည်။ MoU သည် အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွက် ကျွမ်းကျင်မှုနှင့်စွမ်းရည်မြှင့်တင်ရေးနယ်ပယ်များ၌ အကောင်းဆုံးအလေ့အကျင့်များ ဖလှယ်ခြင်းဖြင့် အာဆီယံ – ဗြိတိန် ဆွေးနွေးဖက်ဆက်ဆံရေးကို အကောင်အထည်ဖော်ရန် လုပ်ဆောင်ချက်အစီအစဉ်ကိုလည်း ပံ့ပိုးပေးပါသည်။

တတိယနိုင်ငံလေ့ကျင့်ရေးအစီအစဉ်သည် ဖွံ့ဖြိုးဆဲနိုင်ငံများသို့ နည်းပညာအကူအညီများ တိုးချဲ့ရန်အတွက် ထင်ရှားသောပလက်ဖောင်းတစ်ခုဖြစ်သည့် Singapore Cooperation Programme လက်အောက်ရှိ နည်းပညာပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်များစွာထဲမှ တစ်ခုဖြစ်ကြောင်း MFA ကပြောကြားခဲ့သည်။

ကြာသပတေးနေ့တွင် ဒေါက်တာ ဘာလာခရစ်ရှနန်နှင့် မစ္စတာ ကလီဗာလီတို့သည် ဒစ်ဂျစ်တယ်စီးပွားရေးနှင့်သန့်ရှင်းသောစွမ်းအင်အပါအဝင် နယ်ပယ်များတွင်ပူးပေါင်းဆောင်ရွက်မှုနည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်။ထို့ပြင် ၎င်းတို့သည် ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုများအပေါ်တွင်ပါ အမြင်ချင်းဖလှယ်ခဲ့ကြသည်။

ကြာသပတေးနေ့အစောပိုင်းက မစ္စတာကလီဗာလီသည် ဝန်ကြီးချုပ်လီရှန်လွန်းထံသွားရောက်လည်ပတ်ခဲ့ပြီး ဒုဝန်ကြီးချုပ်လော်ရန့်စ်ဝေါင်းနှင့်လည်းတွေ့ဆုံခဲ့သေးသည်။မစ္စတာလီသည် ကြာသပတေးနေ့၌ပင် စင်္ကာပူမှထွက်ခွာမည်ဖြစ်သည်။

Source – CNA/ng(jo)


LEAVE A REPLY

Please enter your comment!
Please enter your name here