ရွှေ‌ဈေး၊ ဒေါ်လာဈေးနှင့် ထိုင်းဘတ်ငွေဈေး အပြိုင်ပြန်ကျ ၊ ရွှေဈေး ၂၅ သိန်းအောက်နှင့်ထိုင်းဘတ် ၇၀

0
495


ယနေ့ စက်တင်ဘာ (၃၀) ရက်တွင် ပြည်တွင်း ရွှေဈေး နှုန်းမှာ ဈေးကွက်ပိတ်ချိန် ဈေးကွက် ပေါက်ဈေးအရ အ ခေါက်ရွှေ တစ်ကျပ်သားလျင် ၂၄၇၀၀၀၀ ကျပ်ဖြင့် ဈေးပိတ်ခဲ့ပြီး ဒေါ်လာဈေးနှုန်းမှာ တစ်ဒေါ်လာ ၂၈၀၀ ကျပ် ဖြစ်ကြောင်း သိရသည်။အဝေးလွှဲက တ​စ်ဒေါ်လာ ၂၇၅၀ကျပ် ဖြစ်သွားပြီဖြစ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ဒေါ်လာဈေးနှုန်းနှင့်အပြို င် တက်ခဲ့သည့် ထိုင်းဘတ်ငွေ ဈေးနှုန်းမှာလည်း ယနေ့ စက်တင်ဘာ (၃၀) ရက် မြဝတီ ငွေလဲဈေးကွက်အတွင်း၌ (၇၀) ကျပ်ဝန်းကျင်ဖြင့် အရောင်းအဝယ် ပြုလုပ်ကြကြောင်း သိရသည်။

” ဘတ်ဈေးက တော်တော်လေးတော့ ပြန်ကျလာတယ်။ ဆက်ကျဦးမယ့် အရိပ်အယောင်လည်း မြင်ပါတယ်။ ဒါ ပေမဲ့ ဂရုတစိုက်စောင့်ကြည့်ပြီး အရောင်းအဝယ် လုပ်ကြပါလို့ပဲ ပြောချင်တယ်” ဟု မြဝတီမြို့မှ ထိုင်းငွေအရောင်း အဝယ်ပြုလုပ်သည့် ငွေလဲကောင်တာတစ်ခုမှ အမျိုးသ မီးတစ်ဦးက ပြောသည်။

ယနေ့ နံနက်ပိုင်း ဈေးကွက်ဖွင့်ချိန်တွင် ထိုင်းဘတ်ငွေ တ စ်ဘတ်လျင် (၇၁) ကျပ်ဖြင့် အရောင်းအဝယ် ပြုလုပ်သော်လည်း ညနေပိုင်း ဈေးကွက် ပိတ်ချိန်တွင် (၇၀) ကျ ပ်ဖြင့် ဈေးပိတ်ခဲ့ကြောင်း မြဝတီငွေလဲ ဈေးကွက်အတွင်းမှ သိရသည်။

လရ်ရှိတွင် ရွှေဈေးနှင့် ဒေါ်လာဈေး အပြင် စက်သုံးဆီ ဈေးနှုန်းမှာလည်း တစ်လီတာ ၂၀၀၀ ကျပ် ဝန်းကျင်အ ထိ ပြန်လည် ကျဆင်းခဲ့ပြီး တရုတ် ယွမ်ငွေ ဈေးနှုန်းမှာ ၄၅၀ ကျပ် ဝန်းကျင်အထိ ရှိနေသေးကြောင်း တရုတ်မြန်မာနယ်စပ် မူဆယ် ငွေလဲဈေးကွက်မှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here