ဩစတြေးလျနိုင်ငံတွင် ကိုဗစ်လူနာများ အိမ်တွင်းမဖြစ်မနေနေထိုင်ရမှုရုပ်သိမ်းတော့မည်

0
188


ဆစ်ဒ်နီ၊စက်တင်ဘာ ၃၀

ဩစတြေးလျနိုင်ငံတွင် ကိုဗစ်ကူးစက်ခံထားရသူများအနေဖြင့် အိမ်တွင်း၌ငါးရက်ကြာမဖြစ်မနေ နေထိုင်ရခြင်းအားအောက်တိုဘာ ၁၄ ရက်မှစကာ အဆုံးသတ်တော့မည်ဖြစ်ကြောင်း ဝန်ကြီးချုပ် အန်တိုနီအယ်လ်ဘနီးဇ်က စက်တင်ဘာ ၃၀ ရက် သောကြာနေ့ကပြောကြားခဲ့ပြီး နိုင်ငံ၏နောက်ဆုံးကျန်ရှိသော ကန့်သတ်ချက်တစ်ခုအားပယ်ဖျက်လိုက်ခြင်းဖြစ်ကြောင်းသိရှိရသည်။

“ကျွန်ုပ်တို့အနေနဲ့ ကြံ့ကြံ့ခံနိုင်ရည်ရှိပြီး စွမ်းရည်မြှင့်တင်ပေးကာ အစိုးရရဲ့ပါဝင်‌ဆောင်ရွက်ပေးမှုအပေါ်မှီခိုအားထားခြင်းကို လျှော့ချပေးတဲ့မူဝါဒတစ်ရပ်ကိုလိုချင်တာပါ” ဟု မစ္စတာအယ်လ်ဘနီးဇ်က မီဒီယာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

ကူးစက်ရောဂါအစောပိုင်းကာလများ၌ ဩစတြေးလျသည် ပြင်းထန်သောနယ်စပ်ကန့်သတ်ချက်များ၊ ရုတ်တရက်လော့ခ်ဒေါင်းချမှုများဖြင့် ဗိုင်းရပ်စ်ဒဏ်ကြီးမားစွာခံရပြီးနောက် ကာကွယ်ဆေးများကို ကျယ်ကျယ်ပြန့်ပြန့်ထိုးနှံခဲ့ကြပြီး ယခုနှစ်အစောပိုင်းမှစတင်ကာ ကန့်သတ်ထိန်းချုပ်မှုများကို ဖြေလျှော့ပေးခြင်းဖြင့် ကိုဗစ်နှင့်ယှဉ်တွဲနေထိုင်ရေး စနစ်ကိုစတင်ကျင့်သုံးခဲ့သည်။

Source –Reuters/lk


LEAVE A REPLY

Please enter your comment!
Please enter your name here