ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် သီတင်းကျွတ် လပြည့် (အဘိဓမ္မာအခါတော်နေ့)မင်္ဂလာအခမ်း အနား များကျင်းပမည်

0
336


ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် သီတင်းကျွတ် လပြည့်(အဘိဓမ္မာအခါတော်နေ့)၊ဝါတွင်းသီလခံယူပွဲနှင့်ဗုဒ္ဓပူဇနိယပွဲတော်များအောင်ပွဲ ရေစက်ချ မင်္ဂလာအခမ်းအနားကို ကိုဗစ်(၁၉)ရောဂါ စည်း မျဉ်းစည်းကမ်းများနှင့်အညီ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကျင်းပသွားမည်ဖြစ်သည်။

ထိုသို့ ကျင်းပရာ၌ အောက်တိုဘာ ၈ ရက်(သီ တင်းကျွတ်-အဖိတ်နေ့)ရက်ညနေ ၅ နာရီ၌ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ရုံးဝန်ထမ်းများနှင့်ဗုဒ္ဓဝေယျာဝစ္စအကျိုးဆောင်အသင်းများက ရောင်စုံမီးပုံးများ၊လျှပ်စစ်မီးဖြင့်ထွန်းညှိပူဇော်ထားသည့် မီးစေတီများဖြင့် စေတီတော်ကြီးအား လက်ယာရစ်တစ်ပတ်လှည့်လည်၍ အောင်မြေတွင် စုပေါင်းဆီမီးပူဇော်သွားမည်ဖြစ်သည်။

အောက်တိုဘာ၉ ရက် (သီတင်းကျွတ်လပြည့်-အဘိဓမ္မာအခါတော်နေ့)နံနက် ၆ နာရီတွင် စေတီတော်မြတ်ကြီးအား အရုဏ်ဆွမ်းတော်ကြီးဆက်ကပ်လှူဒါန်းသွားမည်ဖြစ်သည်။

အဘိဓမ္မာအခါတော်နေ့ဆိုင်ရာသိမှတ်ဖွယ်ရာများ အမေးအဖြေပြုလုပ်ခြင်း၊မေတ္တာ ဘာဝနာပွားများခြင်းတို့ကိုလည်း ပြုလုပ်သွားမည်ဖြစ်ကာ နံနက် ၉ နာရီခွဲတွင် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးများထံမှ ဧည့်ပရိသတ်များက သီလခံယူမည်ဖြစ်သည်။

ထို့နောက် ဝါတွင်းကာလတစ်လျှောက်ပြုခဲ့သည့် ဗုဒ္ဓပူဇာဓမ္မပူဇာ၊သံဃာ့ပူဇာ ကုသိုလ်ကောင်းမှုတို့အတွက် ဝါတွင်းကာလဗုဒ္ဓပူဇနိယပွဲတော်များအောင်ပွဲ ရေစက်ချအခမ်းအနားအား စေတီတော်ရင်ပြင်တောင်ဘက်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွား တော်များတန်ဆောင်း၌ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here