လျှပ်စစ်ကားတင်သွင်းမည့် ကုမ္ပဏီများအား မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနဲ့အညီစိစစ်၍ မြန်ဆန်စွာခွင့်ပြုမိန့် ထုတ်ပြန်ပေးသွားမည်

0
805


ပုံစာ-ရွှေပြည်သာမြို့နယ်၊သာဓုကန်စက်မှုဇုန်မှထုတ်လုပ်သော လျှပ်စစ်ကားများ

လျှပ်စစ်ကားများကို အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီမှ ရွေးချယ်သတ်မှတ်ထားသည့် ကုမ္ပဏီများအား မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုဥပဒေနဲ့အညီစိစစ်၍ မြန်ဆန်စွာခွင့်ပြုမိန့် ထုတ်ပေးသွားမည်ဟု သိရသည်။

လက်ရှိအချိန်၌ ကော်မတီအနေဖြင့် သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီတင်သွင်းရန် လိုအပ်သည့် ညွှန်ကြားချက်များထုတ်ပြန်ရန် ဆောင်ရွက်လျက်ရှိကာ လျှပ်စစ်သုံးယာဉ််နှင့်ဆက်စပ်လုပ် ငန်းများအား ဦးစားပေးမြှင့်တင်မည့် ရင်းနှီးမြှုပ် နှံမှုကဏ္ဍတွင် ထည့်သွင်းသတ်မှတ်နိုင်ရန်အမိန့်ကြော်ငြာစာထုတ်ပြန်နိုင်ရေးအတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အားတင်ပြထားသည်ဟု သိရသည်။

ထို့ပြင် အစိုးရအဖွဲ့မှ အတည်ပြုထားသည့် အ ကောက်ခွန်နှင့်ဝင်ငွေခွန်ကင်းလွတ်ခွင့်၊သက်သာ ခွင့်များအား မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ ရင်းနှီးမြှုပ်နှံသူများအား ခံစားခွင့်ပြုခြင်း၊ဦးဆောင်ကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ ရင်းနှီးမြှုပ်နှံသူကုမ္ပဏီ၊(ပုဂ္ဂလိက)အစိုးရပုဂ္ဂလိ ကဖက်စပ်နှင့်သက်ဆိုင်ရာလုပ်ငန်းကော်မတီများအစိုးရအဖွဲ့အစည်းများဖြင့် ဒေသဆိုင်ရာ အာ ဏာပိုင်များ ညှိနှိုင်းဆောင်ရွက်ရန်သွားမည်ဖြစ် သည်။

မြန်မာနိုင်ငံ၌ လျှပ်စစ်သုံးယာဉ်များနှင့်ဆက်စပ်လုပ်ငန်းများ စတင်ဖွံ့ဖြိုးလာစေရန်၊တင်သွင်း၊ထုတ်လုပ်၊အသုံးပြုပြေးဆွဲရန် လိုအပ်သည့် မူဝါဒ၊လုပ်ငန်းစဉ်များ၊လမ်းညွှန်ချက်များချမှတ်နိုင်ရေး ညွှန်ကြားခြင်း၊လမ်းညွှန်ခြင်းနှင့် အတည် ပြုထုတ်ပြန်နိုင်ရန် ဗိုလ်ချုပ်ကြီးမြထွန်းဦးမှ ဥက္ကဋ္ဌအဖြစ်ဦးဆောင်၍ “အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ”အားဖွဲ့စည်းထားသည်။

ယင်း ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများအား အထောက်အကူပြုနိုင်ရန် “လုပ်ငန်းကော်မ တီ”(၅)ခုအား ဖွဲ့စည်းထားခဲ့သည်။

အဆိုပါ လုပ်ငန်းကော်မတီ(၅)ခုအနက် “လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများရင်းနှီးမြှုပ်နှံမှုနှင့်တင်သွင်း၊တင်ပို့၊တပ်ဆင်၊ထုတ်လုပ်မှုမြှင့်တင်ရေးလုပ်ငန်းကော်မတီ”အား စီးပွား/ကူးသန်းဝန် ကြီးဌာနမှ Focal ဝန်ကြီးဌာနအဖြစ် တာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here