ယနေ့မှစ၍ မြန်မာ ယာဥ်မောင်းများအား ထိုင်းနိုင်ငံ၊မယ်ဆိုင်မြို့သို့ ပြန်လည်ဝင်ရောက်ခွင့်ပြု

0
162


ထိုင်းနိုင်ငံ၊မယ်ဆိုင်မြို့အတွင်းသို့ အောက်တိုဘာ ၁ ရက်(ယနေ့)မှစ၍ မြန်မာယာဥ်မောင်းများအား တာချီလိတ်မြို့ရှိ ထိုင်း-မြန်မာနယ်စပ် အမှတ်(၂) ချစ်ကြည်ရေးတံတားမှတဆင့် ပြန်လည်ဝင်ရောက်ခွင့်ပြုခဲ့ကြောင်း သိရသည်။

ထိုသို့ ဝင်ရောက်ရာတွင် ကိုဗစ်(၁၉)ရောဂါကာ ကွယ်ဆေးထိုးပြီးကြောင်း လက်မှတ်၊ယာဥ်မောင်းလိုင်စင်နှင့်စာရွက်စာတမ်းများပြည့်စုံကြောင်း သက်သေခံကဒ်ပြားများ ပါရှိရမည်ဖြစ် ကြောင်း သိရသည်။

“ ၂ နှစ်ကျော်ကြာပိတ်ထားရာကနေ နှစ်နိုင်ငံ သ ဘောတူညီချက်တွေအရ သတ်မှတ်ထားတဲ့လက် မှတ်ပြည့်စုံတဲ့ကားသမားတွေကို မယ်ဆိုင်ဘက်ဝင်ခွင့်ပြုမယ် ထိုင်းနိုင်ငံက ကိုဗစ်စည်းကမ်းတွေ လျှော့ချလိုက်တာကြောင့် အခုလို ဝင်ခွင့်ပြုခြင်းဖြစ်ပါတယ်”တာချီလိတ်ခရိုင်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

မြန်မာနိုင်ငံမှ ယာဉ်မောင်းများအား ၂၀၂၀ ပြည့်နှစ်၊မတ်လမှစတင်၍ ကိုဗစ်(၁၉)ရောဂါထိန်းချုပ်ရန် ထိုင်းနိုင်ငံသို့ ဝင်ခွင့်မပြုခဲ့ဘဲ အမှတ်(၂)ထိုင်း -မြန်မာ ချစ်ကြည်ရေးတံတားမှတဆင့်သာ ကုန် သွယ်မှုများပြုလုပ်ခဲ့သည်။

“မြန်မာနိုင်ငံကခွင့်ပြုတဲ့ ယာဉ်မောင်းကဒ်ပြားနှင့် ယာဉ်မောင်းအကျီ(အစိမ်းရောင်)ထုတ်ပေးထားတဲ့ လူဦးရေ ၃၀၀ ဝန်းကျင်ရှိပါတယ်”ဟု တာချီလိတ်ခရိုင်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ထို့ပြင် ထိုင်းနိုင်ငံမှတာချီလိတ်မြို့သို့ ဝင်ရောက် လာမည့် ကားများအနေဖြင့်လည်း မှတ်ပုံတင်ရန်နှင့်သက်တမ်းတိုးရန်လိုအပ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here