ကမာရွတ်မြို့နယ်တွင် အရက်အမူးလွန်ပြီး ပြုတ်ကျနေသူအား ကူညီပေးခဲ့ရ

0
225

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်တွင် ယ‌နေ့နံနက်ပိုင်းက အရက်အမူးလွန်ပြီး ပြုတ်ကျနေသူအား ကူညီပေးခဲ့ရကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ယနေ့ အောက်တိုဘာ ၁ ရက်၊ နံနက် ၇ နာရီအချိန်ခန့်တွင် ကမာရွတ်မြို့နယ်၊ (၃)ရပ်ကွက်၊ ဗဟိုလမ်းနှင့်ပတ္တမြားလမ်းကြား (နောက်ကျော)ရှိ အနက်(၃)ပေခန့် ရှိသော ရေမြောင်းအတွင်း အရက်အမူးလွန်ပြီး လူတစ်ဦးကျ၍ အော်ဟစ်နေကြောင်းသတင်းရရှိသည့်အတွက် ကမာရွတ်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် (၁)စီး၊ စမ်းချောင်းမြို့နယ်မှ ရှာဖွေကယ်ဆယ်ရေးယာဉ် (၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ “မန်း” ပရဟိတတို့နှင့်ပူးပေါင်း၍ ကူညီကယ်ထုတ်ပေးခဲ့ရသည်။

ထိုသူအား ရေချိုးသန့်စင်ပေးခြင်း၊ အဝတ်စားခြောက်များလဲလှယ်ခြင်းတို့ ကူညီဆောင်ရွက်ပေးခဲ့ပြီး မိသားစုထံ ပြန်လည်အပ်နှံပေးခဲ့သည်ဟုလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here