အရှေ့တောင်အာရှဒေသ ဆိုင်ရာ နိုင်ငံခြားရေးမူဝါဒအရ မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံမှုသည် အရေးပါသည်ဟု မှတ်ယူကြောင်းဘယ်လာရုစ်သမ္မတပြော 

0
177

မြန်မာနိုင်ငံဈေးကွက်သို့ ဘယ်လာရုစ်ထုတ်ကုန်များ တိုးချဲ့တင်ပို့ရေးသာမက စိုက်ပျိုးရေး၊ သိပ္ပံနည်းပညာ၊ စက်မှုလုပ်ငန်းနှင့် ပညာရေးကဏ္ဍများတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကို ပိုမို မြှင့်တင်ရန် ဆန္ဒရှိကြောင်း ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ H.E. Mr. Alexander Grigoryevich Lukashenko ကပြောသည်။

စက်တင်ဘာလ ၃၀ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်တွင် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်ခ်စ်မြို့ရှိ Palace of Independence ၌ ကျင်းပပြုလုပ်ခဲ့သည့် ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာ နိုင်ငံခြားသံအမတ်ကြီးများ၏ ခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနားသို့ ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် သံအမတ်ကြီး ဦးလွင်ဦး တက်ရောက်၍ ၎င်း၏ ခန့်အပ်လွှာ ကို ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ H.E. Mr. Alexander Grigoryevich Lukashenko ထံ ပေးအပ်ရာတွင်  ဘယ်လာရုစ်သမ္မတ က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။

မြန်မာသံအမတ်ကြီးနှင့် တွေ့ဆုံရာတွင် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ H.E. Mr. Alexander Grigoryevich Lukashenko က ဘယ်လာရုစ်သမ္မတနိုင်ငံအနေဖြင့် ၎င်း၏ အရှေ့တောင်အာရှဒေသ ဆိုင်ရာ နိုင်ငံခြားရေးမူဝါဒအရ မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံမှုသည် အရေးပါသည်ဟု မှတ်ယူကြောင်းကိုလည်း ပြောကြားခဲ့သည်။

ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာ နိုင်ငံခြားသံအမတ်ကြီးများ၏ ခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနားသို့ အာရပ်စော်ဘွားများပြည်ထောင်စု၊ အာဂျင်တီးနားသမ္မတနိုင်ငံ၊ ဘီနင်သမ္မတ နိုင်ငံ၊ ဘော့စနီးယားဟာဇီဂိုဗီနာဖက်ဒရေးရှင်းနိုင်ငံ၊ ဘရာဇီးလ်ဖက်ဒရယ်သမ္မတနိုင်ငံ၊ ကျူးဘားသမ္မတ နိုင်ငံ၊ Sovereign Military Order of the Hospitallers of St. I. Jerusalem, Rhodes and Malta ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ ပါလက်စတိုင်းနိုင်ငံ၊ ဆူဒန်သမ္မတနိုင်ငံနှင့် ဆွစ်ဇာလန်နိုင်ငံ စသည့် နိုင်ငံပေါင်း (၁၁) နိုင်ငံမှ ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာ သံအမတ်ကြီးများက တက်ရောက်ခဲ့ပြီး ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ ထံသို့ ခန့်အပ်လွှာများ အသီးသီး ပေးအပ်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here