ထိုင်းငွေတစ်ဘတ်  မြန်မာငွေ ၁၀၀ ကျပ်ကျော်သည်အ ထိ မြင့်တက်ခဲ့သည့် ဘတ်ဈေး ၆၅ ကျပ် ဝန်းကျင်အထိ ပြန်ကျ 

0
271

ပြီးခဲ့သည့်လအတွင်းက (၁) ဘတ်လျင် မြန်မာကျပ်ငွေ (၁၀၀) ကျော်အထိ မြင့်တက်ခဲ့သည့် ထိုင်းဘတ်ငွေ ဈေး နှုန်းမှာ ယနေ့ အောက်တိုဘာ (၁) ရက်  ၆၅ ကျပ် ဝန်း ကျင်အထိ ပြန်လည် ကျဆင်းခဲ့ကြောင်း သိရသည်။

နံနက်ပိုင်း ထိုင်း – မြန်မာနယ်စပ် မြဝတီ ငွေလဲဈေးကွက် ငွေလဲဈေးနှုန်းများအရ မြန်မာငွေ (၁) သိန်းကျပ်လျင် ထိုင်းငွေ ၁၅၃၀ ဘတ် ပေါက်ဈေးရှိပြီး ထိုင်းငွေ (၁) ဘ တ်လျင် မြန်မာငွေ (၆၅) ကျပ် ဝန်းကျင် ဖြစ်ကြောင်း သိရသည်။

” ဘတ်ပေး ကျပ်ယူ ဈေးက (၁) သိန်းကို ၁၅၃၀ ဘတ်ပါ ။ ၁၀ သိန်းအောက်ဈေးပေါ့ ။ ၁၀ သိန်းဈေးက ၁၅၂၅ ဘတ် ။၂၀ အထက်ဆိုရင် ၁၅၁၀ ၊ ဒီမနက်ပေါက်ဈေးပေါ့။ဘ ဏ် အလဲဈေးနော် ။ အပြင်ငွေသားဈေးနဲ့လည်း သိပ်တော့မကွာပါဘူး။ အချိန်နဲ့အမျှတော့ အပြောင်းအလဲ ရှိနိုင်တယ်” ဟု မြဝတီမြို့မှ ငွေလဲကောင်တာပိုင်ရှင်တစ်ဦးက ပြောသည်။

အဆိုပါ ပေါက်ဈေးများအရ ထိုင်း တစ်ဘတ်လျင် မြန်မာငွေ ၆၅.၃ ကျပ်မှ ၆၆.၂ ကျပ် ဝန်းကျင် ဈေးပေါက်ပြီး ယ မန်နေ့ ဈေးထက်အနည်းငယ်ကျသွားကြောင်းသိရသည်။ 

ယမန်နေ့ စက်တင်ဘာ (၃၀) ရက် ဈေးကွက်ပိတ်ချိန် ပေါ က်ဈေးအရ ထိုင်းဘတ်ငွေ (၁) ဘတ်လျင် မြန်မာငွေ (၇၀) ကျပ် ဝန်းကျင် ဈေးပေါက်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် လပိုင်းအတွင်းက ပြည်တွင်း၌ ဒေါ်လာဈေး နှုန်းများ အဆမတန် မြင့်တက်မှုနှင့်အတူ ထိုင်းဘတ်ငွေ ဈေးနှုန်းပါ လိုက်လံ မြင့်တက်ခဲ့ရာ ထိုင်းငွေ တစ်ဘတ်လျင် မြန်မာငွေ ကျပ် (၁၀၀) ကျော်အထိ စံချိန်တင် မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် မြန်မာကျပ်ငွေတန်ဖိုး မြန်မာလာသည့် အတွ က် ဘတ်ဈေးနှုန်း ထပ်မံကျဆင်းမည့် အရိပ်အယောင်မြင်ရကြောင်း ကျွမ်းကျင်သူများက သုံးသပ်ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here