ကမ္ဘာ့ဖလားပွဲသွားမည့်ပရိသတ်များအတွက် ကာတာနိုင်ငံဝင်ခွင့်စည်းကမ်းများ

0
353

နိုဝင်ဘာ ၂၀ ရက်တွင် စတင်မည့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကာတာနိုင်ငံသို့ သွားရောက်မည့် ဘောလုံးပရိသတ်များသည် နိုင်ငံတွင်းသို့ ဝင်ရောက်ရန်အတွက် ကိုဗစ်စည်းကမ်းများကိုပွဲစီစဉ်သူများက အတည်ပြုထုတ်ပြန်ထားပြီဖြစ်သည်။

နိုင်ငံတွင်းသို့ ဝင်ရောက်မည့်သူများသည်လွန်ခဲ့​သော ၄၈နာရီအတွင်း စမ်းသပ်ထားသည့် PCR စစ်ဆေးချက်ရလဒ်ကို ပြသရမည်။

အသက် ၁၈ နှစ်အထက် နိုင်ငံတကာ ဧည့်သည်များအားလုံးသည်ကူးစက်မှုအခြေအနေကို ခြေရာခံသည့်  ဖုန်းအက်ပလီကေးရှင်း Ehteraz ကို ဒေါင်းလုဒ်လုပ်ရမည်ဖြစ်သည်။

ကိုဗစ်လက္ခဏာများမပြပါက ကာတာတွင် နောက်ထပ်စစ်ဆေးမှုများမလိုအပ်ပါ။မြို့တော်ဒိုဟာနှင့် အနီးတစ်ဝိုက်ရှိ အားကစားကွင်း ရှစ်ခုနှင့်အများသုံး သယ်ယူပို့ဆောင်ရေးယာဥ်များတွင် နှာခေါင်းစည်းများ ဝတ်ဆင်ထားရမည်ဖြစ်သည်။

Source: Aljazeera


LEAVE A REPLY

Please enter your comment!
Please enter your name here