ပါတီ ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌ အသစ်ရွေးဖွယ်ရှိသည့် ကြံ့ခိုင်ရေးပါတီ ညီလာခံ လာမည့်အင်္ဂါနေ့ ပြု လုပ်မည်

0
325

ပါတီ ဥက္ကဋ္ဌ ၊ ဒုဥက္ကဋ္ဌ အပါအဝင် ထိပ်ပိုင်း ခေါင်းဆောင်အသစ်‌များ ပြန်လည်ရွေးချယ်ကြမည့် ပြည်ခိုင်ဖြိုး ညီ လာခံကို လာမည့် အောက်တိုဘာ (၄) ရက်တွင် စတင် ကျင်းပမည်ဖြစ်ကြောင်း ပါတီတာဝန်ရှိသူများထံက သိရသည်။

အဆိုပါ ပါတီ ညီလာခံကို အောက်တိုဘာ (၄) ရက်မှ (၆) ရက်အထိ (၃) ရက်တာ ကျင်းပမည်ဖြစ်ပြီး ဗဟိုအလုပ်မှုဆောင်အဖွဲ့ အသစ်ရွေးချယ်ခြင်းကိုလည်း ညီလာခံအ တွင်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

” လာမယ့် ညီလာခံမှာ လက်ရှိပါတီ ဗဟိုအလုပ်မှုဆောင်တွေက တာဝန်ကနေနှုတ်ထွက်ရမယ်။ ပြီးရင် နောက်သ က်တမ်းအတွက် ညီလာခံကနေ ဗဟိုအလုပ်မှုဆောင်အ သစ်ရွေးပါမယ်” ဟု ပြည်ခိုင်ဖြိုးပါတီ ပြောရေး ဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က ပေါ်ပြူလာနယူးစ်သို့ ပြီးခဲ့သည့် လကုန်ပိုင်းတွင် ပြောကြားထားသည်။

လက်ရှိတွင် ပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှာကျန်းမာရေးအ‌ ခြေအနေပါတီတာဝန်ဆောင်ရွက်ခြင်းမှ အနားယူပြီး ဒုဥက္ကဋ္ဌ ဖြစ်သူ လဝက ဝန်ကြီးဟောင်း ဦးခင်ရီက ပါတီ၏ ခေတ္တဥက္ကဋ္ဌ တာဝန်ယူထားသည်။

ပြည်ခိုင်ဖြိုးပါတီ ညီလာခံ သက်တမ်းမှာ (၅) နှစ် တစ်ကြိ မ်ဖြစ်ပြီး သက်တမ်းပြည့်ခဲ့ပြီသော်လည်း ကြားထဲတွင် ကိုဗစ်ကပ်ရောဂါ ကန့်သတ်ချက်များ ရှိခဲ့သည့် အတွက်  ညီလာခံ ကျင်းပနိုင်ခြင်းမရှိဘဲ ယခုမှသာ ကျင်းပနိုင်ခြ င်း ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here