မြောက်ကိုရီးယားက စတုတ္ထ‌မြောက်ပဲ့ထိန်းဒုံးကျည်ထပ်မံပစ်လွှတ်

0
212

ဆိုးလ်၊အောက်တိုဘာ ၁

မြောက်ကိုရီးယားသည် တာတိုပစ်ဒုံးကျည်နှစ်စင်းကို စနေနေ့က အရှေ့ဘက်ကမ်းရိုးတန်းပင်လယ်ထဲသို့ ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့သည်။ယခုပစ်လွှတ်မှုသည် တစ်ပတ်အတွင်း ပြုံယမ်း၏စတုတ္ထမြောက်ပစ်လွှတ်မှုဖြစ်ပြီး ကိုရီးယားကျွန်းဆွယ်တဝိုက် တင်းမာမှုကို အရှိန်မြှင့်လိုက်ခြင်းပင်ဖြစ်သည်ဟုဖော်ပြထားသည်။

ယခုလိုပစ်လွှတ်ခြင်းသည် တောင်ကိုရီးယား၊အမေရိကနှင့် ဂျပန်ရေတပ်များက ငါးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် သောကြာနေ့က သုံးနိုင်ငံရေငုပ်သင်္ဘောစစ်ရေးလေ့ကျင့်မှုကိုပြုလုပ်ခဲ့ခြင်းနှင့် ယခုတစ်ပတ်အတွင်း အမေရိကန်ဒုသမ္မတ ကမ်မလာ ဟဲရစ်က အဆိုပါဒေသသို့လာရောက်ခြင်းတို့အပေါ် တုံ့ပြန်သည့်အနေဖြင့်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

တာတိုပစ်ဒုံးကျည်နှစ်စင်းကို မြောက်ကိုရီးယားမြို့တော် ပြုံယမ်း၏မြောက်ဘက်ရှိ ဆူနန်မှ ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များက ကြေညာချက် ထုတ်ပြန်ခဲ့သည်။၎င်းသည် အမြင့်ပေ ၃၀ ကီလိုမီတာ (၂၀ မိုင်) နှင့် Mach 6 အမြန်နှုန်းဖြင့် အကွာအဝေး ၃၅၀ ကီလိုမီတာ (၂၂၀ မိုင်) ထိရှိနိုင်ကြောင်းခန့်မှန်းထားသည်။

ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့၏ စောင့်ကြည့်အစီရင်ခံမှုအရ ဒုံးကျည်များသည် ကီလိုမီတာ ၄၀၀ နှင့် ၃၅၀ ကီလိုမီတာ အကွာအဝေးသို့ရောက်ရှိနိုင်ပြီး အမြင့် ကီလိုမီတာ ၅၀ အထိရှိခဲ့ကြောင်း ပြည်နယ်ကာကွယ်ရေးဝန်ကြီး Toshiro Ino ကပြောကြားခဲ့သည်။

အမေရိကန် အင်ဒို – ပစိဖိတ် စစ်ဌာနချုပ်က ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်မှုကို သတိပြုမိကြောင်းပြောကြားခဲ့ပြီး ယခုပစ်လွှတ်မှုသည် အမေရိကန်တပ်ဖွဲ့ဝင်များ၊နယ်မြေနှင့် ၎င်း၏မဟာမိတ်များကို ချက်ခြင်း ခြိမ်းခြောက်ခြင်း မရှိဟုအကဲဖြတ်ခဲ့သည်။

ပြုံယမ်းသည် ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံး တိုက်ချင်းပစ်ဒုံးကျည်စမ်းသပ်မှုကိုလည်းပြုလုပ်ခဲ့သည်။

“မြောက်ကိုရီးယားဟာပြည်တွင်းရေး အားနည်းချက်တွေနဲ့ နိုင်ငံတကာနဲ့ပတ်သင်ရင် အထီးကျန်ဖြစ်နေပေမယ့် လက်နက်တွေကို လျင်မြန်ခေတ်မီအောင် လုပ်ဆောင်နေပြီး အမေရိကန်-တရုတ် ပြိုင်ဆိုင်မှုနဲ့ ယူကရိန်းပိုင်နက်ကို ရုရှားရဲ့သိမ်းပိုက်မှုတွေဖြစ်လာနေတာကိုအခွင့်ကောင်းယူနေပါတယ်” ဟု ဆိုးလ်ရှိ Ewha တက္ကသိုလ်မှ နိုင်ငံတကာနိုင်ငံရေးပါမောက္ခ Leif-Eric Easley ကပြောကြားခဲ့သည်။  

ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် မြောက်ကိုရီးယားအား ၎င်း၏ပဲ့ထိန်းဒုံးကျည်နှင့် နျူကလီးယားစမ်းသပ်မှုများအတွက် ပိတ်ဆို့အရေးယူမှုများ ချမှတ်ထားသည်။သို့‌သော်ပြုံယမ်းသည် ကုလသမဂ္ဂ၏ ယခုလိုပိတ်ဆို့မှုများက ၎င်း၏အချုပ်အခြာအာဏာ၊ကိုယ်ပိုင်ကာကွယ်ရေးနှင့် အာကာသစူးစမ်းလေ့လာရေးအခွင့်အရေးကို ချိုးဖောက်ခြင်းကဲ့သို့ဖြစ်နေသည်ဟုဆိုကာ အဆိုပါပိတ်ဆို့မှုလုပ်ရပ်များကိုပယ်ချခဲ့သည်။

မြောက်ကိုရီးယားသည် အောက်တိုဘာလတွင် ကျင်းပမည့် တရုတ်ကွန်မြူနစ်ပါတီ ကွန်ဂရက်နှင့် နိုဝင်ဘာလတွင်ကျင်းပမည့် အမေရိကန်ကြားဖြတ် ရွေးကောက်ပွဲစသည့်ပွဲနှစ်ခုကြားပြုလုပ်နိုင်သည့် နျူစမ်းသပ်မှု ပြုလုပ်ရန်အတွက်လည်းပြင်ဆင်မှုများ ပြီးစီးခဲ့ပြီဖြစ်ကြောင်း တောင်ကိုရီးယား လွှတ်တော်အမတ်များက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

Source-Nikkei Asia


LEAVE A REPLY

Please enter your comment!
Please enter your name here