တရုတ်အစိုးရထံမှ အတိုးမဲ့ချေးငွေဖြင့် ဝယ်ယူခဲ့သော ရထားတွဲများကို မန္တလေးတွင် စမ်းသပ်ပြေးဆွဲ

0
372

တရုတ်နိုင်ငံအစိုးရ၏အကူအညီ အတိုးမဲ့ချေးငွေဖြင့် ဝယ်ယူခဲ့သောရထားတွဲများကို စက်တင်ဘာလအတွင်း မန္တလေး၌ စမ်းသပ်ပြေးဆွဲခဲ့ရာ အောင်မြင်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ

တရုတ်သံရုံးထံမှ သိရသည်။

တရုတ်နိုင်ငံ စစ်ဆေးလက်ခံမှုဆိုင်ရာ နည်းပညာဝန်ဆောင်မှုပညာရှင်အဖွဲ့၏ ကူညီပံ့ပိုးဖြင့် ဆောင်ရွက်သည့် ရထားတွဲ ၂၈ တွဲကို လမ်းကြောင်းပေါ်တွင် စမ်းသပ်ပြေးဆွဲခဲ့ခြင်းလည်းဖြစ်သည်။

ယခုအကြိမ် စမ်းသပ်ပြေးဆွဲမှုသည် အလွန်အောင်မြင်ကြောင်း၊ တရုတ်နိုင်ငံ၏ ပံ့ပိုးကူညီမှုနှင့် တရုတ်ပညာရှင်များ၏ ဂရုတစိုက် လမ်းညွှန်မှုများအတွက် ကျေးဇူးတင်ရှိကြောင်း၊ ရထားတွဲဆိုင်းအားလုံးကို အမြန်ဆုံး အသုံးပြု၍ ခရီးသည်များ၏ ရထားစီးနင်းမှုအတွေ့အကြုံများကို ပိုမိုကောင်းမွန်လာစေမည်ဖြစ်ကြောင်း၊ မန္တလေး-ရန်ကုန်အပိုင်း ရထားပြေးဆွဲမှုစွမ်းဆောင်ရည်ကို မြှင့်တင်၍ ဒေသနှစ်ခုချိတ်ဆက်ရေးနှင့် ရထားလမ်းကြောင်းတစ်လျှောက် စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်နိုင်မည်ဖြစ်ကြောင်း မြန်မာ မီးရထားဌာနမှ တာ၀န်ရှိသူတစ်ဦးက ပြောသည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့တွင် တရုတ်နိုင်ငံ၏အကူအညီဖြင့် မြန်မာနိုင်ငံမှ အတိုးမဲ့ချေးငွေရယူကာ ဝယ်ယူခဲ့သော ရထားတွဲများသည် ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိခဲ့ပြီး ၎င်းတွင် အထက်တန်း ၁၄ တွဲနှင့် ဒုတိယတန်း ၁၄ တွဲ ပါဝင်သည်ဟု သိရသည်။

တရုတ်နိုင်ငံမှ နည်းပညာဝန်ဆောင်မှုပညာရှင်အဖွဲ့သည် မြန်မာနိုင်ငံသို့လာရောက်ပြီး တရုတ်နိုင်ငံ၏ ရထားနည်းပညာများကို မြန်မာနိုင်ငံ မီးရထားဌာနအား လေ့ကျင့်သင်တန်းပေးလျက်ရှိကာ ရထားတွဲများကို ကိုယ်တိုင်ထုတ်လုပ်ထိန်းသိမ်းနိုင်မည့် နည်းပညာပိုင်းဆိုင်ရာ လူတော်လူချွန်များကို လေ့ကျင့်ပျိုးထောင်ပေးလျက်ရှိသည်ဟု ဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here