ဗီယက်နမ်နှင့်ဒူဘိုင်းသို့ MAIပျံသန်းပြေးဆွဲနေပြီဖြစ်

0
1696

ဘန်ကောက်၊အောက်တိုဘာ ၁

Myanmar Airways International (MAI) သည် ပြည်ပခရီးသွားများနှင့် ပြည်ပတွင်အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းရန်ကြိုးပမ်းသည့်အနေဖြင့် ဗီယက်နမ်၊ အာရပ်စော်ဘွားများပြည်ထောင်စုနှင့် အခြားနိုင်ငံများသို့ ပုံမှန်နိုင်ငံတကာဝန်ဆောင်မှုများ စတင်နေပြီဖြစ်ကြောင်းသိရှိရသည်။

အဆိုပါလေကြောင်းလိုင်းသည် စက်တင်ဘာလတွင် ရန်ကုန်မှဒူဘိုင်းနှင့် ရန်ကုန်မှဟနွိုင်းအထိ အသွားအပြန်ခရီးစဉ်များကို တစ်ပတ်လျှင်နှစ်ကြိမ်နှင့် ဟိုချီမင်းစီးတီးသို့ တစ်ပတ်လျှင်တစ်ကြိမ် ပြေးဆွဲခဲ့သည်။ထိုင်းနိုင်ငံ ဖူးခက်အပန်းဖြေစခန်းသို့ အချိန်ပြည့် ပြေးဆွဲရေးဝန်ဆောင်မှုကိုလည်း မကြာမီစတင်တော့မည်ဖြစ်သည်ဟုဖော်ပြထားသည်။

မြန်မာနိုင်ငံသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လေကြောင်းခရီးစဉ်များမပါဝင်သည့် နိုင်ငံတွင်းသို့ လေကြောင်းခရီးသွားလာမှုအားလုံး၏ ကိုဗစ်နှင့်ဆက်နွှယ်သည့် တားမြစ်ချက်များကိုဧပြီလကရုပ်သိမ်းခဲ့သည်။

Thai Smile Airways, Bangkok Airways နှင့် Korean Air Lines အပါအဝင် အခြားသောလေကြောင်းလိုင်းများသည် ဇွန်လမှ သြဂုတ်လအတွင်း နိုင်ငံတကာဝန်ဆောင်မှုများကို ပြန်လည်စတင်ခဲ့သည်။

ကိုဗစ်ကြောင့် အပြင်းအထန်ဒဏ်ခံခဲ့ရသည့် ခရီးသွားလုပ်ငန်းကို ပြန်လည်အသက်သွင်းရန် မြန်မာအစိုးရက အလျင်စလို လုပ်ဆောင်လျက်ရှိသည်။မြန်မာနိုင်ငံတွင် မလေးရှားမှလွဲ၍ အရှေ့တောင်အာရှနိုင်ငံများအသင်း၏ အခြားအဖွဲ့ဝင်နိုင်ငံသားများအတွက်လည်း ဗီဇာကင်းလွတ်ခွင့်ခရီးကို ပြန်လည်စတင်လိုက်ပြီဖြစ်သည်ဟု ဖော်ပြထားသည်။

Source-Nikkei Asia


LEAVE A REPLY

Please enter your comment!
Please enter your name here