Tuesday, April 1, 2025

မန္တလေးတွင် ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်နေချိန် တံတားဦးမြို့ကို...

မန္တလေးတွင် မြေငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသည်များကို ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်နေချိန် ယနေ့ ဧပြီ (၁) ရက်၊ ညနေ (၅)နာရီ၊ (၃၁)မိနစ်၊ (၅၀)စက္ကန့်အချိန်တွင်...

Sky Villa Condo တွင်...

ယနေ့ ဧပြီလ (၁) ရက် ညနေပိုင်းက Sky Villa Condo တွင် ရုပ်အလောင်းရှာဖွေမှုများကို တရုတ်ကယ်ဆယ်ရေးနှင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှာ ကယ်ဆယ်ရေးအဖွဲ့များ...

ရန်ကုန်မြို့တွင် (၂)ရက်အတွင်း ကားမီးလောင်မှု (၂)ကြိမ်ဖြစ်ပွား

ရန်ကုန်မြို့တွင် (၂)ရက်အတွင်း ကားမီးလောင်မှု (၂)ကြိမ်ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။  ယနေ့ ဧပြီ (၁)ရက်၊ နေ့လယ် (၁)နာရီ မိနစ် (၂၀)အချိန်ခန့်၊...

မလေးရှားတွင်ဓါတ်ငွေ့ပိုက်လိုင်းယိုစိမ့်မီးလောင်၍ လူ ၃၃ ဦး...

မလေးရှားနိုင်ငံ မြို့တော်ကွာလာလမ်ပူရ်အနီးတွင် နိုင်ငံပိုင် Petronas ကုမ္ပဏီ၏ ဓါတ်ငွေ့ပိုက်လိုင်း မီးလောင်သဖြင့် လူ ၃၃ ဦး ဒဏ်ရာရရှိခဲ့ကာ ၎င်းတို့ထဲမှ ခြောက်ဦးကို...
HomeNewsLocal Newsကွန်ဟိန်းမြို့နယ်တွင် ငွေကျပ်သိန်း ၂၈၃၀...

ကွန်ဟိန်းမြို့နယ်တွင် ငွေကျပ်သိန်း ၂၈၃၀ တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများနှင့်ပစ္စတိုသေနတ် ၁ လက်ဖမ်းမိ

ရှမ်းပြည်နယ်၊ကွန်ဟိန်းမြို့နယ်၊တာကော်တံတားပူးပေါင်းစစ်ဆေးရေးဂိတ်တွင် စက်တင်ဘာ ၂၇ ရက်ညနေပိုင်းက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ယင်းနေ့ညနေ ၅ နာရီခွဲခန့်က မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူး ပေါင်းအဖွဲ့သည် တာကော်တံတားပူးပေါင်းစစ် ဆေးရေးဂိတ်တွင် ကာလိမြို့ဘက်မှမိုင်းပျဉ်းမြို့ဘက်သို့ စိုင်းစံ(၃၈)နှစ် မောင်းကာ စိုင်းပွမ်မွန်း (၂၃)နှစ် လိုက်လာသည့် ALPHARD ကားအား တားဆီးစစ်ဆေးခဲ့ကြသည်။

ကားပေါ်၌ ဝှက်၍သယ်သည့် ငွေကျပ်သိန်း ၂၈၃၀ သိန်းတန်ဖိုးရှိ ကက်တမင်း(၂၁ ကီလို)၊စိတ်ပြောင်းဆေးဝါးများရောစပ်ထားသည့်အမှုန့် (Happy Water)(၉၅၀ ဂရမ်)နှင့်ပစ္စတိုသေနတ် ၁ လက်တို့အား ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူများအား စစ်ဆေးရာ အဆိုပါ မူး ယစ်ဆေးဝါးများအား ၎င်းတို့အတူတကွသယ် ဆောင်လာခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိခဲ့ရသည်။

ထို့ကြောင့် ကာလိနယ်မြေရဲစခန်းက မူးယစ်ဆေး ဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင် ရာဥပဒေအရအမှုဖွင့်ကာ ဆက်စပ်ပြစ်မှုကျူး လွန်သူများအား ထပ်မံဖမ်းဆီးရမိရေးအတွက် စစ်ဆေးလျက်ရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မန္တလေးတွင် ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်နေချိန် တံတားဦးမြို့ကို ဗဟိုပြု၍ (၄.၇) အဆင့်ရှိ မြေငလျင်တစ်ခု ထပ်မံလှုပ်ခတ်

မန္တလေးတွင် မြေငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသည်များကို ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်နေချိန် ယနေ့ ဧပြီ (၁) ရက်၊ ညနေ (၅)နာရီ၊ (၃၁)မိနစ်၊ (၅၀)စက္ကန့်အချိန်တွင် တံတားဦးမြို့ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၇) အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခု ထပ်မံလှုပ်ရှားခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။ မန္တလေးမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၁၈) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (တံတားဦးမြို့၏ အရှေ့တောင်ဘက် (၃) မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၁.၇၈) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၉၉) ဒီဂရီ၊ အနက် (၁၆)...

Sky Villa Condo တွင် ယနေ့ ဧပြီ (၁) ရက် ညနေပိုင်း ရှာဖွေရေးလုပ်နေစဉ် ငလျင်ထပ်လှုပ်

ယနေ့ ဧပြီလ (၁) ရက် ညနေပိုင်းက Sky Villa Condo တွင် ရုပ်အလောင်းရှာဖွေမှုများကို တရုတ်ကယ်ဆယ်ရေးနှင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှာ ကယ်ဆယ်ရေးအဖွဲ့များ ပူးပေါင်း ဆောင်ရွက်နေစဉ် ငလျင်ထပ်မံလှုပ်ခတ်ခဲ့သဖြင့် ရှာဖွေရေးလုပ်ငန်းစဉ်များ ယာယီရပ်နားလိုက်ရပြန်သည်။ ယနေ့ ညနေ (၅) နာရီခွဲဝန်းကျင် အချိန်တွင် အင်အား ၄.၉ အဆင့်ရှိ ငလျင်လှုပ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တုန်ခါမှု အားပြင်းသည့်အတွက် တရုတ်ကယ်ဆယ်ရေး အဖွဲ့များမှာ ရှာဖွေနေမှုကို ရပ်နားခဲ့ခြင်းဖြစ်သည်။ Sky Villa Condo အနောက်ဘက်ခြမ်းတွင် ကလေးငယ်(၂) ဦး၏ ရုပ်အလောင်းများတွေ့ရှိထားသည့်အတွက်...

ရန်ကုန်မြို့တွင် (၂)ရက်အတွင်း ကားမီးလောင်မှု (၂)ကြိမ်ဖြစ်ပွား

ရန်ကုန်မြို့တွင် (၂)ရက်အတွင်း ကားမီးလောင်မှု (၂)ကြိမ်ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။  ယနေ့ ဧပြီ (၁)ရက်၊ နေ့လယ် (၁)နာရီ မိနစ် (၂၀)အချိန်ခန့်၊ မင်္ဂလာတောင်ညွှန်မြို့နယ်၊ ကန်တော်လေး အရှေ့ရပ်ကွက်၊ သိမ်ဖြူလမ်းတွင် ရပ်ထားသည့် အိမ်စီးကား (၁)စီး အပူလွန်ကဲကာ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ဘေးတွင်ကပ်လျက်ရပ်ထားသည့် အိမ်စီးကား (၁)စီးကိုပါ မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ကား (၂)စီး မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရမင်္ဂလာတောင်ညွှန်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီးနှင့် တာမွေမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071