စိန်ရတု ​ပြည့်လာသည့် ​ဆေးတပ်ဖွဲ့အနေဖြင့် ခွဲစိတ်ကုသပြုစုမှုများ နိုင်ငံတကာနည်းတူဆောင်ရွက်လာနိုင်

0
506

ရန်ကုန်မြို့ရှိ တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ အောက် တိုဘာ ၁ ရက်(ယနေ့)နံနက်ပိုင်းက ပြုလုပ်သည့် (၇၅)နှစ်မြောက် စိန်ရတုဆေးတပ်ဖွဲ့နေ့ အခမ်းအနားသို့ နစက ဥက္ကဋ္ဌ၊ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်​ရောက်ဂုဏ်ပြုစကားပြောကြားခဲ့သည်။

တပ်မတော်ဆေးရုံများအား အဆင့်မြှင့်တင်ခဲ့ရာ တွင် ယခုအချိန်၌ ကျောက်ကပ်အစားထိုးကုသနိုင်သည့် ဆေးရုံ ၄ ရုံ၊ အသည်းအစားထိုးကုသနိုင်သည့် ဆေးရုံ ၁ ရုံ၊ နှလုံးသွေးကြောရောဂါရှာဖွေခြင်းနှင့်သွေးကြောချဲ့ကုသနိုင်သည့် ဆေးရုံ ၄ ရုံ၊ နှလုံးခွဲစိတ်ကုသနိုင်သည့် ဆေးရုံ ၂ ရုံနှင့်ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာရောဂါကုသနိုင်သည့် ဆေးရုံ ၃ ရုံတို့ရှိခဲ့ပြီးဖြစ်သည်ဟု ပြောသည်။

ထိုသို့ ကြိုးပမ်းဆောင်ရွက်ခဲ့၍ ယခုအခါတွင် တပ်မတော်အနေဖြင့် နှလုံးနှင့်ဦးနှောက်ခွဲစိတ်ကုသခြင်း၊နှလုံးသွေးကြောအား Stent ထည့်ကုသခြင်း၊နှလုံးခုန်နှုန်းထိန်းညှိစက်ထည့်သွင်းခြင်း၊ကျောက်ကပ်အစားထိုးလဲလှယ်ခြင်း၊ရင်ခေါင်းခွဲစိတ်ကုသခြင်းစသည့် အဆင့်မြင့်ပြုစုကုသမှုများအား နိုင်ငံတကာနည်းတူ ဆောင်ရွက်လာနိုင် သည်ကို ဝမ်းမြောက်ဖွယ်မြင်တွေ့ရသည်ဟု ပြော သည်။

“မကြာခင်က မြန်မာ့တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့ရဲ့ သမိုင်းမှတ်တိုင်တစ်ခုအနေနဲ့ ပထမဆုံးအကြိမ် အသည်းအစားထိုးကုသမှုကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထိုသို့ ဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် ယခုအခါတွင် ကျန်း မာရေးစောင့်ရှောက်မှုနှင့်ပတ်သက်၍ တပ် မတော်အနေဖြင့် လက်လှမ်းမမီသည့်ဒေသ၊လက် လှမ်းမမီသည့် ကုသမှုအမျိုးအစားများမရှိသ လောက်ဖြစ်နေပြီဟု ဆိုရမည်ဖြစ်သည်ဟု ပြော သည်။

“အဲဒီလို ဆောင်ရွက်နိုင်ခြင်းဟာ ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်တွေရဲ့ ကြိုးပမ်းအားထုတ်မှု၊လက်ဆင့် ကမ်းပညာအမွေတွေ ပေးခဲ့ကြတဲ့ ဆေးပညာရှင်ကြီးတွေရဲ့ ကျေးဇူးများကြောင့်ပဲဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

တပ်မတော်တစ်ရပ်လုံး၌ရှိသည့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များ၏ လေ့ကျင့်သင်ကြားမှုများဆောင် ရွက်နိုင်ရန် ၁၉၅၂ ခုနှစ်တွင် ဆေးဘက်ဌာနချုပ်နှင့်လေ့ကျင့်ရေးတပ်ကို ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး နောင်အခါတွင် ဗဟိုဆေးတပ်အမည်ဖြင့် တပ်မ တော်ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များ၏ လေ့ကျင့်ရေးကို နှစ်ပေါင်းများစွာဆောင်ရွက်ပေးခဲ့ပြီး ၂၀၁၅ ခုနှစ်၌ တပ်မတော်ဆေးဘက်ဆိုင်ရာပညာသင်ကျောင်းအဖြစ် ပြောင်းလဲဖွဲ့စည်းပေးခဲ့သည်ဟု ပြောသည်။

“စစ်ပညာအပြင် ဆေးသိပ္ပံပညာတွေကိုပါ ကျွမ်း ကျင်တဲ့ စစ်သူနာပြုတွေကို မွေးထုတ်နိုင်ဖို့အ တွက် စစ်သူနာပြုသင်တန်းတပ်ဆွယ်ကို ၁၉၅၉ ခုနှစ်က အမှတ်စဉ် ၁ ဖွင့်လှစ်ခဲ့ပြီး အခုဆိုရင် အ မှတ်စဉ် ၁၆ အထိ ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ဆေးဝန်ထမ်းတပ်ဖွဲ့အတွက် လိုအပ်သည့် ဆရာ ဝန်များကိုရရှိနိုင်ရန် ပြည်သူ့စစ်မှုထမ်း(ဆေးမှူး) ဆရာဝန်{National Service (Medical Officer)}သင်တန်းကိုလည်း ဖွင့်လှစ်ခဲ့သည်ဟု ပြောသည်။

“နည်းလမ်းမျိုးစုံနဲ့ လူ့စွမ်းအားအရင်းအမြစ်တွေကို ဖြည့်ဆည်းပေးလျက်ရှိရာမှာ ၁၉၉၀ ပြည့်နှစ် နောက်ပိုင်း တပ်မတော်ဆေးတက္ကသိုလ်၊တပ်မ တော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ်တွေကို အဆင့်ဆင့်ဖွင့်လှစ်ပြီး ဆေးဝန်ထမ်းတပ်ဖွဲ့အ တွက် မျိုးဆက်သစ်လူငယ်တွေကို ပြုစုပျိုး ထောင်ပေးနိုင်ပြီဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထိုသို့ လူငယ်မျိုးဆက်သစ်များအား ပြုစုပျိုး ထောင်ပေးနိုင်ခြင်းသည် ခေတ်မီတပ်မတော် (Standard Army)တည်ဆောက်ရေးအတွက် အ ရေးကြီးဆုံးဖြစ်သည့် လူ့ စွမ်းအားအရင်းအမြစ်ကို ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပေးနိုင်ခြင်း ဖြစ်ကာ ပြည်သူလူထု၏ ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ရာ၌လည်း များစွာအထောက်အကူပြုလျက်ရှိသည်ဟု ပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here