မျက်စိပိတ်၊နားပိတ်ပြီး ငြင်းဆိုနေလို့မရဘူးဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

0
371

ကယားပြည်နယ်၊လွိုင်ကော်မြို့ရှိ လွိုင်ကော်လေဆိပ်၌ စက်တင်ဘာ ၃၀ ရက်နံနက်ပိုင်းက MNA ခရီးသည်တင်လေယာဥ်ပစ်ခတ်ခံရခြင်းအား KNPP အဖွဲ့မှငြင်းဆိုနေခြင်းနှင့်ပတ်သက်၍ နစက သတင်းထုတ်ပြန်ရေးအဖွဲ့၏ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

“သူတို့ကတော့ အကြမ်းဖက်အဖွဲ့တွေပီပီ တာဝန်ယူမှု၊တာဝန်ခံမှုရှိမှာမဟုတ်ပါဘူး မနေ့ကလည်း ကျွန်တော်ပြောခဲ့ပြီးပါပြီ ပထမဆုံး ဦးဆုံး အဲ့ဒီဘက်မှာဖြစ်ခဲ့တဲ့ အချို့သော သမိုင်းကြောင်းလေးတွေကို ကြည့်ရင်တောင် သိသာပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။

အဆိုပါ KNPP နှင့် PDF အကြမ်းဖက်သောင်း ကျန်းသူများသည် ယခင်ကလည်း မြို့သိမ်းတိုက်ပွဲ ဆင်နွှဲမည်ဟုဆိုကာ လွိုင်ကော်မြို့ထဲတွင် တိုက်ပွဲများ ဖန်တီးခဲ့သဖြင့် ပြည်သူလူထု အ မြောက်အမြား မြို့ပေါ်မှ ထွက်ပြေးတိမ်းရှောင်ခဲ့ရခြင်းများရှိသည်ဟု ပြောသည်။

“အခုနောက်ပိုင်းမှာ တပ်မတော်အနေနဲ့ ပြန်လည် တည်ငြိမ်အောင် လုပ်ဆောင်နေလို့ ပြည်သူတွေအနေနဲ့ သူ့အရပ်နဲ့သူ နေနိုင်ခဲ့ပြီးဖြစ်တယ် လွိုင်ကော်မြို့ဘေးပတ်ဝန်းကျင်နေရာတွေ တချို့ရွာတွေမှာတော့ သူတို့ဝင်ထွက်သွားလာနေတာတွေရှိတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။

ထို့ပြင် လွိုင်ကော်လေဆိပ်အား ယခင်ကလည်း ၁၀၇ မမ ဒုံးနှင့်ပစ်ခတ်ခံခဲ့ရခြင်းရှိကာ ၎င်းတို့ သူတို့ကိုယ်တိုင်ထုတ်ပြန်ခဲ့ပြီး ၎င်းတို့ပစ်ခတ်ခဲ့သည်ဟု ကြေညာချက်ထုတ်ထားခြင်းလည်းရှိသည်ဟု ပြောသည်။

“ခရီးသည်တင်လေယာဉ်ကို ပစ်ခတ်တယ်ဆိုတာ နိုင်ငံတကာမှာဘယ်နိုင်ငံ ဘယ်အဖွဲ့အစည်းကမှလက်မခံတဲ့ ကြီးမားတဲ့ရာဇဝတ်မှုမျိုးဖြစ်တဲ့အ တွက်သူတို့ငြင်းဆိုနေတာဖြစ်တယ် ကျွန်တော်တို့အနေနဲ့ပြောလိုတာကတော့ ထိရောက်ပြင်းထန်တဲ့ တုံ့ပြန်မှုတွေ ဆောင်ရွက်သွားမှာဖြစ်တယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။

ထို့သို့ ပြောဆိုပြီးချိန်၌ ၎င်းတို့ကိုယ်တိုင်ကြီးမားသည့် ရာဇဝတ်မှုကြီးကျူးလွန်ထားသည်ဆိုခြင်းကို သိရှိ၍ ဖုံးကွယ်နေခြင်းဖြစ်သည်ဟု ပြောသည်။

“ပြောချင်တာက သူတို့အနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမယ် စုံစမ်းစစ်ဆေးမှုပြုရမယ် စုံ စမ်းစစ်ဆေးမှုမပြုဘဲနဲ့ ဒါမျိုးမျက်စိပိတ်၊နားပိတ်ပြီး ငြင်းဆိုနေလို့မရဘူး သူတို့ရဲ့အောက်ခြေမှာရှိတဲ့တပ်တွေ သူတို့ထိန်းကွပ်ထားတဲ့ သူတို့အ ကြမ်းဖက်ပညာသင်ပေးထားတဲ့ PDF တွေဒါတွေလုပ်ခဲ့မလုပ်ခဲ့ဆိုတာတွေကို သူတို့အနေနဲ့ စနစ်ကျတဲ့ စုံစမ်းစစ်ဆေးမှု ပြုလုပ်ပြီးမှ ပြောလို့ရမယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။

စနစ်ကျသည့် စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် လိုအပ်ကာ ကျွန်တော်တို့ သိထားသမျှ၊ ရှိထားသမျှ အချက်အလက်များအရ ယင်းလုပ်ရပ်အား KNPP နှင့် PDF ပူးပေါင်းအဖွဲ့တို့မှအပ ကျန်သည့်လူ လုပ်စရာအကြောင်းမရှိဟု ပြောသည်။

“တာဝန်ယူမှု၊တာဝန်ခံမှု ရှိရမယ် စုံစမ်းစစ်ဆေးမှု လုပ်ရမယ် မျက်စိပိတ်၊ နားပိတ်ပြီး ငြင်းဆိုနေလို့မရဘူးလို့ ပြောချင်ပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here