သပိတ်ကျင်းမြို့နယ်တွင် ကလေးငယ်တစ်ဦးအ ပါအဝင် အရပ်သား ၃ ဦးအား လက်နက်ကိုင်အဖွဲ့ဝင်များက သေနတ်ဓားများဖြင့်ပစ်ခတ်ထိုးခုတ်၍ ၂ ဦးသေဆုံး ကလေးငယ်ဒဏ်ရာရ

0
334

မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ်၊ဆယ်ဇင်းကုန်းကျေးရွာအုပ်စု၊မင်းကုန်းကျေးရွာရှိ တောင် ယာတဲတွင် ကလေးငယ်တစ်ဦးအပါအဝင် အရပ် သား ၃ ဦးအား လက်နက်ကိုင်အဖွဲ့ဝင်များမှ စက် တင်ဘာ ၃၀ ရက်နေ့လည်ပိုင်းက သေနတ်ဓားများဖြင့်ဖြင့်ပစ်သတ်ထိုးခုတ်ခဲ့ကြသည်ဟု နစက ကထုတ်ပြန်ခဲ့သည်။

ယင်းနေ့နေ့လည် ၁ နာရီခန့်က မင်းကုန်းကျေးရွာ ၏ အရှေ့ဘက်(၅)မိုင်ခန့်အကွာရှိ တောင်ယာတဲသို့ လက်နက်ကိုင်အဖွဲ့ဝင်များရောက်ရှိလာကာ “ဒလန်”ဟုစွတ်စွဲ၍ တဲအတွင်းရှိနေသူများအား သေနတ်၊ဓားများဖြင့် ပစ်ခတ်ထိုးခုတ်ခဲ့ကြသည်။

ထို့ကြောင့် တောင်ယာတဲအတွင်းရှိ ဦးရင်မောင်နှင့်ဇနီးဖြစ်သူ ဒေါ်အေးအေးသင်းတို့မှာ ထိခိုက်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး မောင်ဆန်းသစ်အောင်(၅)နှစ်၏ လက်ဖျံနှင့် လက်မောင်းတို့တွင် ကျည်ဖောက်ဝင်ဒဏ်ရာများ(စိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရသည်။

ကလေးငယ်အား လုံခြုံရေးအဖွဲ့ဝင်များက နယ်မြေခံပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုများ ပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။

လုံခြုံရေးအဖွဲ့ဝင်များက ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးနှင့်ဥပဒေအရထိရောက်စွာအရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here