ရွှေရောင်းဝယ်သည့်လုပ်ငန်းများ ငွေပေးချေမှုအဆင်ပြေစေရန် ပုဂ္ဂလိကဘဏ် ၇ ဘဏ်က Special Counter များဖွင့်လှစ်၍ ဝန်ဆောင်မှုပေးနေ

0
203

ဗဟိုဘဏ်၏ ထုတ်ပြန်ထားချက်အရ ရွှေအ ရောင်းအဝယ်ပြုလုပ်သူများ ဘဏ်စနစ်ဖြင့်ငွေပေးချေမှုပြုလုပ်ရာ၌ အဆင်ပြေစေရန် ပုဂ္ဂလိကဘဏ် ၇ ဘဏ်က ရန်ကုန်တိုင်း၊မန္တလေးတိုင်းနှင့်မွန်ပြည်နယ်(မော်လမြိုင်မြို့)တို့ရှိ ဘဏ်ခွဲများတွင် Special Counter များဖွင့်လှစ်၍ ဘဏ်ဝန် ဆောင်မှုလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိသည်ဟု ဗဟိုဘဏ်၏ထုတ်ပြန်ချက်အရ သိရသည်။

ကမ္ဘောဇဘဏ်၊ CB Bank PCL ၊ ဧရာဝတီဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ UAB Bank ၊ ရိုးမဘဏ်၊ ဧရာဝတီတောင်သူလယ်သမားဖွံဖြိုးရေးဘဏ် တို့က ဘဏ်ခွဲပေါင်း ၄၈ ခုတွင် ဘဏ်ဝန်ဆောင်မှုများဆောင်ရွက်ပေးလျက်ရှိသည်။

ကမ္ဘောဇဘဏ်မှ ရန်ကုန်တိုင်းတွင် ဘဏ်ခွဲပေါင်း ၉ ခု၊မန္တလေးတိုင်းတွင် ၉ ခု၊မော်လမြိုင်မြို့တွင် ၁ ခု၊ CB Bank PCL မှ ရန်ကုန်တိုင်းတွင် ၃ ခု၊မန္တလေးတိုင်းတွင် ၂ ခု၊မော်လမြိုင်မြို့တွင် ၁ ခု တို့ဖြင့်ဝန်ဆောင်မှုပေးလျက်ရှိသည်။

ဧရာဝတီဘဏ်မှလည်း ရန်ကုန်တိုင်းတွင် ၂ ခု၊မန္တလေးတိုင်းတွင် ၁ ခု၊မော်လမြိုင်မြို့တွင် ၁ ခု၊ မြန်မာ့ရှေ့ဆောင်ဘဏ်မှ ရန်ကုန်တိုင်းတွင် ၂ ခု၊မန္တလေးတိုင်းတွင် ၄ ခု၊မော်လမြိုင်မြို့တွင် ၁ ခု၊ UAB Bank မှ ရန်ကုန်တိုင်းတွင် ၃ ခု၊မန္တလေးတိုင်းတွင် ၁ ခု၊မော်လမြိုင်မြို့တွင် ၁ ခုတို့ဖြင့် ဘဏ်ဝန်ဆောင်မှုများပေးလျက်ရှိသည်။

ရိုးမဘဏ်မှ ရန်ကုန်တိုင်း၊မန္တလေးတိုင်းနှင့်မော်လမြိုင်မြို့တို့တွင် ဘဏ်ခွဲ ၁ ခုစီ၊ ဧရာဝတီတောင်သူလယ်သမားဖွံဖြိုးရေးဘဏ်မှ ရန်ကုန်တိုင်းတွင် ၂ ခု၊ မန္တလေးတိုင်းတွင် ၁ ခု၊ မော်လမြိုင်မြို့တွင် ၁ ခုတို့ဖြင့် အသီးသီးဝန်ဆောင်မှုပေးလျက်ရှိသည်။

ဗဟိုဘဏ်က ၂၀၂၁ ခုနှစ်၊နိုဝင်ဘာ ၁ ရက်က အမိန့်ကြော်ငြာစာအမှတ်(၄၃/၂၀၂၁)အရ ကုန်ပ စ္စည်းရောင်းခြင်း၊ဝယ်ခြင်းများအတွက် ငွေပေး ချေမှုပြုလုပ်ရာတွင် တစ်ကြိမ်လျင် ငွေသားဖြင့်ပေးချေမှုအား ကျပ်သိန်း ၂၀၀ ထက်ပိုသည့် မည်သည့်ပေးချေမှုအတွက်မဆို ဘဏ်စနစ်အသုံးပြုရမည်ဟု အသိပေးထုတ်ပြန်ထားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here