ဘောလုံးပွဲ ပရိသတ်ရန်ပွဲကြောင့် အင်ဒိုမှာ လူ တစ်ရာကျော်သေဆုံး

0
312

အင်ဒိုနီးရှားနိုင်ငံက ပြည်တွင်းဘောလုံးပွဲတစ်ခုမှာ နှစ်ဖက်ပရိသတ်တွေ ရန်ဖြစ်ကြတာကြောင့် လူ ၁၄၀ ကျော်သေဆုံးပြီး ၁၈၀ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့က ဒီနေ့ အောက်တိုဘာ ၂ရက်နေ့မှာပြောကြားလိုက်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ အရှေ့ ဂျာဗား၊ မာလန်းမြို့က Kanjuruhan အားကစားကွင်းမှာ ပြည်တွင်း ဘောလုံးအသင်းတွေဖြစ်ကြတဲ့ Arema FC နဲ့ Persebaya Surabaya အသင်းတို့ စနေနေ့ညက ကန်ကြတဲ့ပွဲမှာ နှစ်ဖက်ပရိသတ် ရန်ဖြစ်ကြတာပါ။

ရှုံးတဲ့အသင်းဖက်က ပရိသတ်က ရန်ပွဲကိုစတာဖြစ်ပြီး၊ နောက်ပိုင်းမှာ ထိန်းမနိုင်သိမ်းမရဖြစ်လာကာ အကြမ်းဖက်တဲ့သဘောဆောင်လာပါတယ်လို့ ဂျာဗားရဲတပ်ဖွဲ့ကပြောပါတယ်။

လူ ၃၈၀၀၀ ပဲဆန့်တဲ့ ကွင်းမှာ လက်မှတ်ပေါင်း ၄၂၀၀၀ကိုရောင်းချခဲ့တာကြောင့် ပရိသတ်တွေပြည့်ကျပ်နေတာကလဲ အကြောင်းတစ်ကြောင်းဖြစ်တယ်လို့ အင်ဒိုအားကစားဝန်ကြီးကဆိုပါတယ်။

သေဆုံးသူအရေအတွက်နဲ့ ဒဏ်ရာရသူ အရေအတွက်ဟာ ဆက်ပြီးမြင့်တက်လာဖို့ရှိတယ်လို့လဲ ရဲတပ်ဖွဲ့ကဆိုပါတယ်။

ကွင်းထဲနဲ့ ကွင်းပတ်လည်ပျက်စီးမှုတွေကို တာဝန်ရှိသူတွေက ဒီနေ့မနက်အထိ  ရှင်းလင်းနေကြဆဲဖြစ်ပါတယ်။ Photo: AFP


LEAVE A REPLY

Please enter your comment!
Please enter your name here