“World Maritime Day 2022” အခမ်းအနားသို့ မြန်မာသံရုံး လန်ဒန်မြို့မှ သံရုံးယာယီတာဝန်ခံ/ သံအမတ်ဦးထွန်းအောင်ကျော် တက်ရောက်

0
160

မြန်မာသံရုံး၊လန်ဒန်မြို့မှ သံရုံးယာယီတာဝန်ခံ/သံအမတ်ဦးထွန်းအောင်ကျော်သည် စက်တင်ဘာ ၂၉ ရက် လန်ဒန်ဒေသစံတော်ချိန် ညနေ ၅ နာရီက ဗြိတိန်နိုင်ငံ၊လန်ဒန်မြို့ရှိ အပြည်ပြည်ဆိုင်ရာရေကြောင်းအဖွဲ့ချုပ်(International Maritime Organization- IMO)ရုံးချုပ်၌ပြုလုပ်သည့် “World Maritime Day 2022” အခမ်းအနားသို့တက်ရောက်ခဲ့သည်။

အဆိုပါ အခမ်းအနားအား “New Technologies for Greener Shipping”ခေါင်းစဉ်ဖြင့်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ 

အခမ်းအနားသို့ IMO အတွင်းရေးမှူးချုပ်၊ဗြိတိန်နိုင်ငံဆိုင်ရာ နိုင်ငံခြားသံအမတ်ကြီးများနှင့် IMO ဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်များ တက် ရောက်ခဲ့ကြသည်။

IMO အား ၁၉၄၈ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး မြန် မာနိုင်ငံမှ ၁၉၅၁ ခုနှစ်တွင် အဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့ကာ လက်ရှိတွင် အဖွဲ့ဝင်နိုင်ငံပေါင်း (၁၇၅) နိုင်ငံဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here