ပေါင်မြို့နယ်အတွင်းရှိ အမျိုးသမီးဦးဆောင်နေရသည့် အိမ်ထောင်စုများအား ထောက်ပံ့ကြေးပေးအပ်

0
152

မွန်ပြည်နယ်၊ပေါင်မြို့နယ်အတွင်းရှိ အမျိုးသမီးဦးဆောင်နေရသည့် အိမ်ထောင်စုများအား မော်လမြိုင်မြို့အခြေစိုက် နွေးထွေးသောရင်ခွင်အဖွဲ့မှ အောက်တိုဘာ ၁ ရက်နံနက်ပိုင်းက ထောက်ပံ့ ကြေးများပေးအပ်ခဲ့သည်။

ပေါင်မြို့နယ်ရှိ မုတ္တမ၊ ဖလပ်၊ ဆားဖိုစု၊ ကျောက်ရေတွင်း၊ ဇင်းကျိုက်ကျေးရွာများရှိ အမျိုးသမီးဦးဆောင်နေရသည့် အိမ်ထောင်စု ၂၃၁ စုအား တစ်အိမ်ထောင်လျင် ငွေကျပ် ၂ သိန်းစီထောက်ပံ့ပေးခဲ့ကြသည်။

“ဒီအစီစဥ်မှာပါဝင်ဖို့က အမျိုးသမီးဦးဆောင်နေရပြီး ချို့တဲ့မိသားစုဖြစ်ရမယ် အသက်၁၈နှစ်အောက်ကလေးတွေကို ကျွေးမွေးစောင့်ရှောက်နေတဲ့မိသားစုလည်းဖြစ်ရမယ်”ဟုနွေးထွေးသောရင်ခွင်အဖွဲ့မှ ဒေါ်ဝင်းဝင်းချမ်းမြေ့အောင်ကပြော သည်။

နွေးထွေးသောရင်ခွင်အဖွဲ့သည် ၂၀၂၁ ခုနှစ်ကလည်း အမျိုးသမီးဦးဆောင်နေရသည့် အိမ် ထောင်စုများအား ထောက်ပံ့ကြေးများပေးအပ်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here