လတ်တလော ဘဏ်များ၏ လူမူကွန်ယက်ရှိ အပြိုင်အဆိုင် အတိုးနူန်းကြေငြာချက်များအား ပေါ်ပြူလာနယူးစ်က ယှဥ်တွဲဖော်ပြပေးလိုက်ပါသည်။(သက်ဆိုင်ရာ ဘဏ်၏ ပရိုးမိုးရှင်းကာလ နှင့်သာ သက်ဆိုင်မည်ဖြစ်သဖြင့် အချိန်ကာလ တခုသာ အကျုံးဝင်ပါမည်)
“ဗဟိုဘဏ်က အတိုးနူန်း interval အသစ်ပြောင်းလဲသတ်မှတ်ပေးတာမရှိပါဘူး။အရင်သတ်မှတ်ချက်တွေအတွင်းမှာဘဲ သက်ဆိုင်ရာ ဘဏ်တွေက ပရိုမိုးရှင်းလုပ်ပြီး ဖောက်သည်ကိုဆွဲဆောင်ကြတာပါ ” ဟု ဘဏ်တစ်ခုမှ တာဝန်ရှိသူတဦးက လက်ရှိ ဘဏ်များအပြိုင်အဆိုင် အတိုးနူန်းပေးပြီး အပ်ငွေလက်ခံနေမူကိုရှင်းပြသည်။
ငွေစုသူတစ်ယောက်၏အပြောအရ “ကျမတို့က ကုမ္မဏီလည်ပတ်ငွေ မှာ ငွေချေစရာမလိုသေးတဲ့အချိန် ဘဏ်ထဲ ခနအပ်ထားရင်အတိုးလေးသုံးရတာပေါ့။ ဘဏ်တွေရဲ့ ဝန်ဆောင်မူတွေကမတူကြတာကိုတော့ သတိပြုရတယ်။တချို့ဘဏ်က ကိုယ်ငွေပြန်ထုတ်တော့ခက်တတ်တာမျိုး၊ကိုယ်အလုပ်လုပ်နေကျဘဏ်ထဲမှာမှ ကိုယ်နဲ့ပုဂ္ဂိုလ်ရေး ရင်းနှီးသူတွေရှိတဲ့ဘဏ်ကိုပိုရွေးတယ်၊တခုခုဆို အကူညီတောင်းရမှာကိုး။အပ်မယ့်ပမာဏများရင် ကိုယ်သုံးနေကျဘဏ်တွေက
ငွေစုသူ အဆင်ပြေနိုင်အောင် ငွေအထုတ်အသွင်းတွေကို ကူညီပေးကြတယ်”ဟုဆိုသည်။
ဘဏ်များထုတ်ပြန်ထားသည်ကိုတော့ သေချာလေ့လာပြီးမှဘဏ်သို့ သွားသင့်ကြောင်းကိုအပ်ငွေထည့်လာသည့်သူတယောက်က” ကျနော်သေချာလေ့လာပြီးမှဘဏ်သွားလို့တော်သေးတယ်။ဘဏ်မှာ တချို့ဝန်ထမ်းတွေက အတိုးနူန်းဘယ်ဟာကပိုသာတယ်ဆိုတာလိမ့်ပတ်လည်အောင်မရှင်းပြတတ်တာရှိတယ်။ကိုယ်က တခါမှမအပ်ဖူးတော့ အပ်ငွေစာအုပ်ရမယ်ထင်နေတာ၊ certificate စာရွက်ပဲရတယ်ဆိုတာ နောက်မှသိတယ်”ဟုဆိုသည်။
အချို့ပရိုမိုးရှင်းများ သီတင်းကျွတ်ကာလသာအကျုံးဝင်ခြင်း၊ရက် ၉၀ ပရိုမိုးရှင်းကို ခုအပ်လို့ပြည့်မှာက နှစ်သစ်ကူး ရုံးပိတ်ရက်များဖြစ်သဖြင့်ထိုရက် ခရီးလွန်နေပါက ကိုယ်စား ဆောင်ရွက်မရသည့်ဘဏ်များရှိခြင်း၊
သက်တမ်းပြည့်ပြီး ၅ရက်အတွင်းစာရင်းပြောင်း ပြီးငွေထုတ်ဖို့မလုပ်ပါက ပုံမှန်ယခင်အတိုးနူန်းဖြင့်သာ ၃လ ထပ်မံ ထားပေးရမည့်ပုံစံတို့ရှိတတ်သည်။
မိမိရမည့်အတိုးကိုတွက်ပုံမှာ အပ်ငွေကို အတိုးနှင့်မြှောက်၊ ၁၀၀ နှင့်စား၊ရလာသည့် ပမာဏကို ၃၆၅ ရက်နှင့်ပြန်စားပါက တရက် ရမည့်အတိုးငွေဖြစ်ပြီး၊မိမိအပ်မည့် ရက် ၉၀၊ရက်၁၀၀ စသည်တို့နှင့် ပြန်မြှောက်ပါက ထားသည့်ကာလအတွက်ဝင်ငွေဖြစ်သည်။လစဥ်ရသည့်အတိုးကိုပါ တိုးရင်းပေါင်း၍ အတိုးတွက်ပေးလားမေးဖို့မမေ့ပါနှင့်။
ယခုကာလ ဘဏ်များက အပ်ငွေကို အတိုးနူန်း အပြိုင်ပေး၍ ဆွဲဆောင်နေမူ၏ညွှန်ပြနေသော အချက်မှာ လုပ်ငန်းကြီးများလည်ပတ်လာနေသဖြင့် ဘဏ်မှ ချေးငွေ ပြန်လည်ထုတ်ပေးမူသွက်လာနေကြောင်း ညွှန်ပြနေသည်။
” စဉ်းစားစရာ တော့ရှိပါတယ်၊ပြည်သူဗဟိုပြုတဲ့ ဝန်ဆောင်မှုကို တကယ်အာရုံစိုက်လာတာလားဆိုတာကိုပါ၊ဘာပဲဖြစ်ဖြစ် ပြည်သူတွေအနေနဲ့တော့ သေသေချာချာ စဉ်းစားပြီး လုပ်ကြဖို့တော့လိုတယ်” ဟု ပြည်တွင်းရှိ ဘဏ်လုပ်ငန်းကျွမ်းကျင်သူ တစ်ဦးက သုံးသပ်ပြသည်။