မန္တလေးတိုင်းအတွင်း ၂၀၂၂ ခုနှစ်၊ဇန်နဝါရီလမှစက်တင်ဘာလအထိ မီးလောင်မှု ၁၄၈ ကြိမ်ဖြစ်ပွားခဲ့ ယမန်နှစ် ကာလတူထက်လျော့နည်း

0
235

မန္တလေးတိုင်းအတွင်း ၂၀၂၂ ခုနှစ်၊ဇန်နဝါရီလမှစက်တင်ဘာလအထိ မီးလောင်မှု ၁၄၈ ကြိမ်ဖြစ်ပွားခဲ့၍ ၂၀၂၁ ခုနှစ်၊ဇန်နဝါရီလမှစက်တင် ဘာလအထိနှင့်နှိုင်းယှဥ်ပါက များစွာလျော့နည်းကျဆင်းခဲ့ကြောင်း သိရသည်။

၂၀၂၁ ခုနှစ်၊ဇန်နဝါရီလမှစက်တင်ဘာလအထိ မန္တလေးတိုင်းအတွင်း၌ မီးလောင်မှုအကြိမ် ၂၀၀ ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးအနေဖြင့် ငွေကျပ် ၂၁၇ ဒသမ ၄၇၀ သန်းရှိခဲ့ကြောင်း သိရသည်။

၂၀၂၂ ခုနှစ်၊ဇန်နဝါရီလမှစက်တင်ဘာလအထိ မီးလောင်မှုမှာ ၁၄၈ ကြိမ်ရှိခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးမှာ ငွေကျပ် ၁၆၈ ဒသမ ၈၁၂ သန်းသာရှိခဲ့၍ များစွာလျော့နည်းသွားခဲ့သည်။

သဘာဝဘေးနှင့်အခြားဘေးအန္တရာယ်ဖြစ်ပွားမှုတွင်လည်း ၂၀၂၁ ခုနှစ်၊ဇန်နဝါရီလမှစက်တင် ဘာလအထိ ၁၆၃ ကြိမ်၊ ၂၀၂၂ ခုနှစ် ကာလတူတွင် ၁၃၄ ကြိမ်ဖြစ်ပွားခဲ့သဖြင့် ယင်း ဖြစ်စဥ်များမှာလည်း လျော့နည်းခဲ့သည်ဟု သိရသည်။

ထို့ကြောင့် မီးလောင်မှု ၅၂ ကြိမ်၊သဘာဝဘေးနှင့်အခြားဘေးအန္တရာယ်များဖြစ်ပွားမှု ၂၉ ကြိမ်လျော့နည်းကျဆင်းခဲ့သည်။

မန္တလေးတိုင်းမီးသတ်ဦးစီးဌာနမှ မီးငြိမ်းသတ်ရေးနှင့်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင် ရွက်ရန် မီးငြိမ်းသတ်ယာဥ်(၂၄၁)စီး၊မီးသတ်ရေသယ်ယာဥ်(၁၅၃)စီး၊အထောက်အကူပြုယာဥ် (၅၀)စီး၊မီးသတ်စက်ယာဥ်(၂၅)စီး၊အပေါ့စားစက်အပါအဝင် ယာဥ်၊စက်(စုစုပေါင်း ၆၅၂ စီး)ဖြင့် ဆောင်ရွက်လျက်ရှိသည်။ 


LEAVE A REPLY

Please enter your comment!
Please enter your name here