နိုင်ဂျီးရီးယားက တရုတ် C919 လေယာဉ်များဖြင့် ပြေးဆွဲရန်စီစဥ်နေ

0
180

မွန်ထရီရယ်၊အောက်တိုဘာ ၂

နိုင်ဂျီးရီးယားနိုင်ငံ၏ ဖွံ့ဖြိုးစလေကြောင်းလိုင်း Nigeria Air သည် ၂၀၂၅ ခုနှစ်ဝန်းကျင်တွင် လေယာဉ်အစင်း ၃၀ ထိတိုးလာနိုင်ကြောင်း လေကြောင်းဝန်ကြီး Hadi Sirika က စနေနေ့တွင်ပြောကြားခဲ့ပြီးတရုတ်နိုင်ငံ၏ C 919 ခရီးသည်တင်လေယာဉ်များကို ဝယ်ယူရန်စဉ်းစားနေကြောင်းသိရှိရသည်။

တိုးချဲ့မည့်လေကြောင်းလိုင်းအသစ်တွင် Airbus နှင့် Boeing လေယာဉ်များလည်းပါဝင်မည်ဖြစ်ကြောင်း Sirika ကပြောကြားခဲ့သည်။ သို့သော် ၎င်းတို့အနေဖြင့် သောကြာနေ့က တရုတ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က အသိအမှတ်ပြုထားသည့်လေယာဉ်ကိုလည်း ကြည့်ရှုလိုသေးကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် Airbus နှင့် Boeing တို့၏ လူကြိုက်များသည့် လေယာဉ်အမျိုးအစားများနှင့် ယှဉ်ပြိုင်ရန် ဒီဇိုင်းထုတ်ထားသည့် ပထမဆုံး C919 လေယာဉ်ကို ယခုနှစ်ကုန်တွင် ပို့ဆောင်ပေးမည်ဖြစ်ကြောင်း နိုင်ငံပိုင် ရှင်းဟွာ သတင်းအေဂျင်စီကပြောကြားခဲ့သည်။

အဆိုပါလေယာဉ်အတွက် နိုင်ငံခြားဈေးကွက်အများစုတွင် ရောင်းချရန် လမ်းဖွင့်ပေးခြင်းနှင့်ပတ်သက်၍ အမေရိက (သို့) ဥရောပက အသိအမှတ်ပြုလက်မှတ်ရရှိမည့်အချိန်ကို ရှင်းရှင်းလင်းလင်းမသိရသေးသော်လည်း တရုတ်နိုင်ငံအနေဖြင့် လက်ရှိ၌ Boeing နှင့် Airbus တို့ နှစ်ဦး၏ ကြီးစိုးမှုကို ကိုင်တွယ်ဖြေရှင်းရန် ဆယ်စုနှစ်တစ်စု တာ ကြာမြင့်လိမ့်မည်ဟု စက်မှုလေ့လာသုံးသပ်သူများက ပြောကြားခဲ့သည်။

“တရုတ်နှင့်နိုင်ဂျီးရီးယားတို့သည် အပြန်အလှန်အကျိုးခံစားခွင့်များနှင့် အလွန်ရင်းနှီးဖော်ရွေ‌သော ဆက်ဆံရေးရှိသည်” ဟု Sirika ကပြောကြားခဲ့သည်။

တရုတ်သည် သတ္တုနှင့်ရေနံထုတ်ယူနေစဉ် အာဖရိကတိုက်နှင့် နက်ရှိုင်းသောဆက်ဆံရေးကို တိုးမြှင့်လိုသောကြောင့် ရထားလမ်းများ၊ ဓာတ်အားပေးစက်ရုံများနှင့် အဝေးပြေးလမ်းများ တည်ဆောက်ရန်အတွက် အာဖရိကသို့ ဒေါ်လာဘီလီယံပေါင်းများစွာ ချေးငှားခဲ့သည်။

အာဖရိက၏ လူဦးရေအများဆုံးနိုင်ငံဖြစ်သော နိုင်ဂျီးရီးယားသည် တရုတ်ကုန်ပစ္စည်းများကို ထိပ်တန်းတင်သွင်းသူဖြစ်ပြီး ၂၀၂၁ ခုနှစ်တွင် ဒေါ်လာ ၂၃ ဘီလီယံတန်ဖိုးအထိရှိခဲ့သည်။နိုင်ဂျီးရီးယား၏ နိမ့်ကျသော လမ်းပန်းဆက်သွယ်ရေးနှင့် ဓာတ်အားကွန်ရက်များက ဆယ်စုနှစ်များစွာ စီးပွားရေးတိုးတက်မှုကိုရပ်တန့်စေခဲ့သည်။

သို့သော်လည်း နိုင်ငံသည် ၎င်း၏လေကြောင်းကဏ္ဍကို တိုးတက်လာ အောင်လုပ်ဆောင်ခဲ့ပြီး ယခုအခါသွားလာနိုင်မှုသည် ကပ်ရောဂါအကြိုအဆင့်ထက် ကျော်လွန်နေပြီဟု Sirika ကပြောကြားခဲ့သည်။အဆိုပါလေကြောင်းလိုင်းသည် သမ္မတ Muhammadu Buhari ၏ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးကတိများထဲမှတစ်ခုဖြစ်သည်။

Source -Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here