ပြည်ပပို့ကုန်သမားများကို ငွေထုတ်ချေးရန် စီစဉ်နေကြော င်း ဗဟိုဘဏ်တာဝန်ရှိသူပြော

0
296

” အခု စက်သုံးဆီ တင်သွင်းသူများအတွက် နိုင်ငံခြားငွေ ပံ့ပိုးပေးနေသလို အခြားအဓိကကုန်စည်များအတွက်လည်း Financing များ ပေးဖို့ စဉ်းစားနေပါတယ်။ ဒါ့အပြင် ပြည်ပပို့ကုန် မြှင့်တင်ရေးအတွက် Export Financing ကို ဆောင်ရွက်နေပြီ ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပေါ်ပြူလာနယူး(စ်) မှ မေးမြန်းစဉ် ပြန်လည်ဖြေကြားခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် Trade Financing  အတွက် ဆက်တိုက်ဆောင်ရွက်နေကြောင်းလည်း ၎င်းက ဆိုသည်။ယင်းသို့ ဆောင်ရွက်နေခြင်းသည် ပြည်တွင်း၌ ဖြစ်ပေါ်နေသည့် ‌နိုင်ငံခြားငွေ ဈေးကွက်မတည်ငြိမ်မှုကို ထိန်း​ကြောင်း​ပေးဖို့ဖြစ်ကြောင်းလည်း သိရသည်။

” သန်း ၂၀၀ ထုတ်ချေးပေးတာ၊ ဆီသမားတွေ ထွက်မဝယ်တာ ၊ လှိုင်းစီးတဲ့သူတွေ ထုတ်ရောင်းကြတာ၊​​စျေးဆက်ကျမှာကြောက်ပြီးထုတ်​ရောင်းတာ​တွေကြောင့်ဒေါ် လာဈေး ထိုးကျတာပေါ့နော်” ဟု ကျွမ်းကျင်သူ တစ်ဦးက စက်တင်ဘာလကုန် ​ငွေ​ကြေး​စျေးကွက်အ​ခြေ​နေကို သုံးသပ်ပြ သည်။

လက်ရှိတွင် ပြည်တွင်း ဒေါ်လာဈေးကွက်အတွင်း၌ အကျဘက်သို့ ဦးတည်နေပြီး ၂၅၀၀ ဝန်းကျင်အထိ ကျဆင်းလာနိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

“ဝယ်လိုအားမရှိတာပါ ၊ဆီသမားတွေ အဝယ်သိသိသာသာလျော့သွားတာပါ။ ဆန်စပါးနဲ့ကောက်ပဲသီးနှံပေါ်ချိန်ရောက်သွားလို့ ကျပ်ငွေအသုံးလိုချိနိပါ။ တရုတ်ရက်ရှည်ပိတ်ရက်ရှိလို့ ကျပ်ဖော်နေတဲ့အချိန် တာချီလိတ်ဘက်ကလဲ ငွေဝယ်မထွက်တဲ့အချိန် ၊အဓိကတော့လူတွေကအကျလို့မြင်သွားလို့စျေးဆင်းကြမ်းတာပါ။ လကုန်လစာငွေနဲ့ဆို ရှေ့ရက်ပိုကျနိုင်တယ်ထင်ပြီး ကျနေတာပါ” ဟု ကုန်သည်အသိုင်းဝိုင်းကမှတ်ချက်ပြုသည်။

“ဗဟိုဘဏ်ရဲ့ ထိန်းတဲ့မူက ပိုအရေးပါနေပါတယ်။ ဥပမာ-ရွှေရောင်းပေး​တော့မယ်ဆိုတဲ့သတင်းမျိုးလို​ပေါ့။ စျေးကျဖို့အတွက် ​ဒေါ်လာသမားကိုဖမ်းတာထက် မူကပိုအရေးပါနေတယ်လို့ မြင်ပါတယ်။ ခုလည်း CBM မှာ မူတခုထုတ်ပြန်ဖို့ရှိနိုင်လို့ ​စျေးကျ​နေတာလို့ထင်တယ်။ အတက်ကြမ်း အကျကြမ်းတာထက် ​စျေးငြိမ်​နေဖို့က ကျွန်​တော်တို့ လို အလုပ်လုပ်​နေသူ​တွေအတွက်အဓိကပါ”ဟု သွင်းကုန်သမားတဦးကဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here