မောင်တောခရိုင်ပညာရေးမှူး ရုံး၌ဓားဖြင့်ထိုးခံရ၍ သေဆုံး

0
358

ရခိုင်ပြည်နယ်၊မောင်တောခရိုင်ပညာရေးမှူးဒေါက်တာမြင့်မြင့်စန်း(၅၈)နှစ်သည် အောက်တို ဘာ ၂ ရက်ညပိုင်းက ဓားဖြင့်ထိုးခံခဲ့ရသည်ဟု မောင်တောမြို့နယ်ကရုဏာကွန်ယက်(လူမှုကူညီရေးအသင်း)မှ သိရသည်။

ယင်းနေ့ည ၇ နာရီကျော်ခန့်က မောင်တောမြို့၊မြို့သူကြီးရပ်ကွက်ရှိ ခရိုင်ပညာရေးမှူးရုံး၌ ခရိုင်ပညာရေးမှူးဒေါက်တာမြင့်မြင့်စန်း ဓားထိုးခံရကြောင်း သတင်းအရ မောင်တောမြို့နယ်ကရု ဏာကွန်ယက်(လူမှုကူညီရေးအသင်း)မှ သွား ရောက်ကူညီခဲ့ကြသည်။

“ခရိုင်ပညာရေးရုံးက ဝန်ထမ်းတွေကဖုန်းဆက်ပြီး ဆေးရုံပို့ပေးဖို့အကူအညီတောင်းလို့ သွားပြီးကူ ညီပေးခဲ့ပါတယ် ဓားဒဏ်ရာ ၅ ချက်ကျော်လောက်ရထားတယ် အရေးပေါ်အခြေအနေပါ ဘယ်သူတွေကထိုးတာလဲဆိုတာတော့မသိပါဘူး ဆေးရုံကိုပို့ပေးခဲ့ပါတယ်”ဟုမောင်တောမြို့နယ်ကရုဏာကွန်ယက်(လူမှုကူညီရေးအသင်း)ဝင်တစ်ဦးကပြောသည်။

ခရိုင်ပညာရေးမှူးဒေါက်တာမြင့်မြင့်စန်းသည် ဓား ထိုးခံရသည့် ဒဏ်ရာများဖြင့် မောင်တောမြို့ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေစဥ် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များက ပြစ်မှုကျူး လွန်သူများအား ဖမ်းဆီးရမိရေးအတွက် ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

Photo-မောင်တောမြို့နယ်ကရုဏာကွန်ယက်(လူမှုကူညီရေးအသင်း)


LEAVE A REPLY

Please enter your comment!
Please enter your name here