ရန်ကုန် ဆိပ်ကမ်း ၇ ခု၌ နိုင်ငံတကာကုန်သေတ္တာတင်သင်္ဘောအစင်း ၅၀ ဆိုက်ကပ်ပြေးဆွဲပေးသွားမည်

0
239

ရန်ကုန်မြို့ရှိ သီလဝါဆိပ်ကမ်း ၂ ခုအပါအဝင် ဆိပ်ကမ်း ၇ ခု၌ ယခုလအတွင်း ကုန်သေတ္တာတင်သင်္ဘောလိုင်း ၁၃ ခုမှ နိုင်ငံတကာကုန်သေတ္တာတင်သင်္ဘောအစင်း ၅၀ ဆိုက်ကပ်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ရှိဆိပ်ကမ်းများ၌ ပို့ကုန်ကဏ္ဍတွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ လိုအပ်သည့်စာရွက် စာတမ်းဖြင့်ဝင်ခွင့်ပြုကာ အကောက်ခွန်ဦးစီးဌာနမှစစ်ဆေးပြီး ကုန်ပစ္စည်းတင်ပို့မှုအား စီမံဆောင်ရွက်လျက်ရှိသည်။

သွင်းကုန်ကဏ္ဍတွင်လည်း ကုန်သင်္ဘောမှချသည့် ကုန်သေတ္တာများအား ယာယီစုပုံထား၍ ဝယ်ယူသူများကိုယ်တိုင်စာရွက်စာတမ်းဖြင့် အခွန်အခပေးဆောင်ကာ ကုန်သေတ္တာများကိုမြန်ဆန်စွာထုတ်ယူနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိသည်။

စိုက်ပျိုးရေးနှင့်မွေးမြူရေးထွက်ကုန်များ၊အ ထည်အလိပ်ကုန်ချောများ၊စက်မှုဇုန်ထုတ်ကုန်ချောပစ္စည်းများနှင့်အခြားထွက်ကုန်များအား ရေကြောင်းမှပို့ဆောင်ရာတွင် ဆိပ်ကမ်းအဝင် အထွက်မြန်ဆန်စွာ တင်သွင်းပို့ဆောင်နိုင်ရန်လည်း ဆောင်ရွက်ပေးလျက်ရှိသည်။

နိုင်ငံတော်မှကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုမှန်ကန်မြန်ဆန်စေရန်၊ပို့ကုန်များတိုးမြှင့်တင်ပို့နိုင်ရန်နှင့်သွင်းကုန်များမြန်ဆန်စွာတင်သွင်းနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here