ကဗျာဆရာ ကြည်ဇော်အေး ဦးနှောက်သွေးကြောပြတ်ကာ ရုတ်တရက် ကွယ်လွန်

0
303

ကဗျာဆရာ ကြည်ဇော်အေးသည် ယနေ့ အောက်တိုဘာလ(၃)ရက် နံနက်ပိုင်းတွင် ရန်ကုန်ဆေးရုံကြီး၌ ကွယ်လွန်သွားကြောင်း သိရသည်။

ကဗျာဆရာ ကြည်ဇော်အေးသည် ကွယ်လွန်ချိန်တွင် အ သက် (၄၄) နှစ်ပြည့်ရန် တစ်ရက်အလိုဖြစ်ပြီး ယနေ့ နံနက် (၁) နာရီ ဝန်း ကျင်က ရုတ်တရက် ဦးနှောက်သွေးကြောပြတ်ကာ သတိ လစ်သွားသည့်အတွက် ရန်ကုန်ဆေးရုံကြီး အရေးပေါ်ကုသဆောင်သို့ ပို့ဆောင် ကုသခဲ့သော်လည်း သတိပြန် လည်လာခြင်း မရှိတော့ဘဲ နံနက်(၈)နာရီ (၁၅)မိနစ်တွင် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။

ကဗျာဆရာ ကြည်ဇော်အေးသည် ယနေ့ခေတ် ခေတ်ပေါ် ကဗျာဆရာများထဲတွင် နာမည်ဂုဏ်သတင်း ထင်ရှားပြီး လူချစ်လူခင်ပေါများသည့် လူငယ် ကဗျာဆရာတစ်ဦးဖြ စ်သည်။

သူသည် မုံရွာနယ်သား ကဗျာဆရာတစ်ဦးဖြစ်ပြီး သူ၏ “တော်လှန်ရေးသမားတစ်ယောက်ရဲ့ အတ္ထုပတ္တိ” ကဗျာသည် ထင်ရှားသည့် ကဗျာတစ်ပုဒ်လည်း ဖြစ်သည်။

ကဗျာဆရာ ကြည်ဇော်အေးသည် ၎င်း၏ “ကော်ဖီခံစားမှု” အက်ဆေးစာအုပ်သစ်ကို မကြာမီကပင် နှစ်ကာလများ စာပေက ထုတ်ဝေထားပြီး မကွယ်လွန်မှီ အောက်တိုဘာလ (၂) ရက်က ” လာမည့် ဆောင်းရာသီ” အမည်ရှိ ကဗျာတစ်ပုဒ်ကို ရေးသားခဲ့သေးသည်။

လက်ရှိတွင် ကဗျာဆရာ ကြည်ဇော်အေး၏ ရုပ်အလော င်းကို ရန်ကုန်ဆေးရုံကြီး ရေခဲတိုက်တွင် ထိန်းသိမ်းထားရှိပြီး အောက်တိုဘာ (၄) ရက်တွင် ကိုဗစ် Negative အဖြေထွက်ရှိပါက မိသားစုမှ သဂြိုလ်ခွင့်ရရှိမည်ဖြစ်ပြီး Positive အဖြေထွက်ပါက ဆေးရုံမှ သင်္ဂြိုလ်မည်ဖြစ် ကြော င်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here