Saturday, April 26, 2025

(၂၄) နာရီအတွင်း ပဲခူးတိုင်းနှင့် ရှမ်းပြည်နယ်...

ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်းဖြစ်သည့် တောင်ငူ၊ ဖြူး၊ ကညွတ်ကွင်းစသည့် မြို့များနှင့် ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့နှင့် မိုင်းဆတ်မြို့၊ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တို့တွင် (၂၄)...

မြန်မာ့ ဘောလုံးအကယ်ဒမီ ကျောင်းသားသစ် လူငယ်...

၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်အတွက် မြန်မာ့ဘောလုံးအကယ်ဒမီ ကျောင်းသားသစ်များကို ယနေ့ ဧပြီ (၂၆)ရက်တွင် ပဏာမအဆင့် စတင်ရွေးချယ်ရာ လူငယ် (၃၀၀)ကျော်...

တရုတ်နိုင်ငံသို့ ကမ္ဘောဒီးယား ငှက်သိုက် တင်ပို့ခွင့်ပြု

ကမ္ဘောဒီးယား၏ ဇီဝဇိုးငှက်သိုက်များကို တရုတ်ဈေးကွက်များသို့ တင်ပို့ခွင့်ပြုမည့် သဘောတူညီချက်တစ်ရပ်ကို ကမ္ဘောဒီးယားနှင့် တရုတ်နိုင်ငံတို့ လက်မှတ်ရေးထိုးခဲ့ကြသည်။ ဧပြီလ ၁၇ ရက်‌နေ့မှ ၁၈ ရက်‌နေ့အထိ တရုတ်သမ္မတ...

ဓမ္မစကူးလ်ဖောင်ဒေးရှင်းဗဟို ဥက္ကဋ္ဌ၊ မုံရွာမြို့ ရန်ကင်းဆရာတော်ကြီး၏...

ဓမ္မစကူးလ်ဖောင်ဒေးရှင်းဗဟိုဥက္ကဋ္ဌ၊ မုံရွာမြို့၊ ရန်ကင်းဆရာတော်ကြီး၏ အန္တိမအဂ္ဂိစျာပနကို ဧပြီလ(၂၆)ရက်ကကျင်းပရာ စျာပနလှည့်လည်ရာ လမ်းတလျောက် မုံရွာမြို့သူ မြို့သားများစွာ ဖူးမြှော်ခဲ့ကြသည်။ မုံရွာမြို့၊ ရန်ကင်းရပ်၊ ရန်ကင်းပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက၊...
HomeNewsLiterature Newsဘိုကလေးမြို့နယ်တွင် ဓားဖြင့်ခုတ်၊တုတ်ဖြင့်ရိုက်၍ ဆိုင်ကယ်၊ဖုန်းနှင့်ငွေကျပ်...

ဘိုကလေးမြို့နယ်တွင် ဓားဖြင့်ခုတ်၊တုတ်ဖြင့်ရိုက်၍ ဆိုင်ကယ်၊ဖုန်းနှင့်ငွေကျပ် ၃ သိန်းအား လုယက်ယူဆောင်သွား

ဧရာဝတီတိုင်း၊ဘိုကလေးမြို့နယ်၊ကဒုံကနိ-ကြိမ်ချောင်း-ဘိုကလေးသွားကားလမ်းတွင် အောက် တိုဘာ ၂ ရက်နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနေ့နေ့လည် ၃ နာရီကျော်ခန့်က မော်လမြိုင်ကျွန်းမြို့နယ်နေ ဦးတင်နိုင်ဝင်း(၄၈)နှစ်သည် အသက်(၈)နှစ်နှင့်(၁၁)နှစ်အရွယ် ကလေးငယ် ၂ ဦးအားတင်ဆောင်၍ ဘိုကလေးမြို့ဘက်မှကြိမ်ချောင်းကျေးရွာဘက်သို့ ဆိုင်ကယ်ဖြင့်မောင်းနှင်လာခဲ့ကြောင်း သိရသည်။

ကဒုံကနိ-ကြိမ်ချောင်း-ဘိုကလေးသွားကားလမ်း ၏ ကဒုံကနိသစ်တောကြိုးဝိုင်းရှိ မီးသွေးချောင်းတံတားအနီးအရောက် ကားလမ်းပေါ်တွင် ငှက် ကြီးတောင်ဓားများကိုင်ဆောင်ထားသည့် အမည်မသိအမျိုးသား ၅ ဦးအနက် ၁ ဦးက ဆိုင်ကယ်ရှေ့ဘီးဒလက်ကြားသို့ သစ်သားတုတ်အားထိုးထည့်ခဲ့သည်။

ဆိုင်ကယ်တိမ်းမှောက်သွားစဥ် ဦးတင်နိုင်ဝင်း၏ ရင်ဘတ်အားတုတ်ဖြင့်ရိုက်ကာ ခေါင်းကိုလည်းဓားနှင့်ခုတ်ခဲ့သဖြင့် ဆိုင်ကယ်ဦးထုတ်ကွဲပြီး ဦး ခေါင်း၌(၁)လက်မခွဲခန့် ပြတ်ရှဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အမည်မသိအမျိုးသား ၅ ဦးသည် ဆိုင်ကယ်၊ကီးပတ်ဖုန်းနှင့်ငွေကျပ် ၃ သိန်းတို့အား မီးသွေးချောင်းတံတားတွင် အသင့်ကပ်ထားသည့် ဖိုက်ဘာသင်္ဘောပေါ်လုယက်တင်ဆောင်၍ မောင်းနှင် ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ကြိမ်ချောင်းကြီးနယ်မြေရဲစခန်းက ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရန် (ပ)၃၁/၂၀၂၂၊ ရာဇသတ်ကြီးပုဒ်မ(၃၉၇)ဖြင့် အမှုဖွင့်၍ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

(၂၄) နာရီအတွင်း ပဲခူးတိုင်းနှင့် ရှမ်းပြည်နယ် ဒေသအချို့တွင် မိုးများနိုင်

ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်းဖြစ်သည့် တောင်ငူ၊ ဖြူး၊ ကညွတ်ကွင်းစသည့် မြို့များနှင့် ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့နှင့် မိုင်းဆတ်မြို့၊ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တို့တွင် (၂၄) နာရီအတွင်း 60mm (၂) လက်မခွဲခန့် အထိ မိုးရွာသွန်းနိုင်ပြီး မိုးအလွန်များနိုင်ကြောင်း ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်က အသိပေး ရေးသားထားသည်။ ဧပြီ (၂၆) ရက် နံနက်အစောပိုင်း ရရှိသည့် Meteoblue ၏ Multi-model ခန့်မှန်းချက်များအရ ဧပြီ (၂၈)ရက်၊ (၂၉) ရက်၊ (၃၀) ရက်နှင့် မေလ...

မြန်မာ့ ဘောလုံးအကယ်ဒမီ ကျောင်းသားသစ် လူငယ် (၃၀၀) ကျော် လာရောက်ရွေးချယ်ခံ

၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်အတွက် မြန်မာ့ဘောလုံးအကယ်ဒမီ ကျောင်းသားသစ်များကို ယနေ့ ဧပြီ (၂၆)ရက်တွင် ပဏာမအဆင့် စတင်ရွေးချယ်ရာ လူငယ် (၃၀၀)ကျော် လာရောက်ရွေးချယ်ခံခဲ့ကြောင်း သိရသည်။ ရန်ကုန်ဇုန် တစ်ခုတည်းအတွက် ရွေးချယ်ခေါ်ယူခြင်းဖြစ်ပြီး မြစ်ကြီးနား၊ တောင်ကြီး၊ မန္တလေးနှင့် နေပြည်တော်မြို့များတွင် ဘောလုံးအကယ်ဒမီ ပဏာမ လူရွေးချယ်ရေးများဆက်လက်ပြုလုပ်သွားမည်ဖြစ်သည်။ ပဏာမ လူရွေးချယ်ခြင်းအတွက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် နည်းစနစ်ဒါရိုက်တာ ဂျပန်နိုင်ငံသား မစ္စတာမိတကဆောင်ရွက်နေခြင်းဖြစ်သည်။ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်သည် မြို့နယ်အလိုက် အား/ကာ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘောလုံးအဖွဲ့ချုပ်များ၊ ဒေသခံလက်ရွေးစင်ဟောင်းများနှင့် ဆက်သွယ်၍...

တရုတ်နိုင်ငံသို့ ကမ္ဘောဒီးယား ငှက်သိုက် တင်ပို့ခွင့်ပြု

ကမ္ဘောဒီးယား၏ ဇီဝဇိုးငှက်သိုက်များကို တရုတ်ဈေးကွက်များသို့ တင်ပို့ခွင့်ပြုမည့် သဘောတူညီချက်တစ်ရပ်ကို ကမ္ဘောဒီးယားနှင့် တရုတ်နိုင်ငံတို့ လက်မှတ်ရေးထိုးခဲ့ကြသည်။ ဧပြီလ ၁၇ ရက်‌နေ့မှ ၁၈ ရက်‌နေ့အထိ တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ကမ္ဘောဒီးယားနိုင်ငံ ခရီးစဉ်အတွင်း အဆိုပါသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ ဧပြီလ ၁၇ ရက်‌နေ့က ကမ္ဘောဒီးယားနှင့် တရုတ်အစိုးရ ကိုယ်စားလှယ်များသည် နားလည်မှုစာချွန်လွှာ စုစုပေါင်း(၃၇) ခုကို လက်မှတ်ရေးထိုးခဲ့ကြသည်ဟု ကမ္ဘောဒီးယား ဇီဝဇိုးငှက်အသင်းချုပ် ဥက္ကဌ နန်ဆိုသီက ယခုသီတင်းပတ်တွင် ပြောကြားခဲ့သည်။ ယင်းတို့ထဲမှ သုံးခုသည် ကမ္ဘောဒီးယား စိုက်ပျိုးရေးထုတ်ကုန်များနှင့် ဆက်စပ်ပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071