အပြစ်မဲ့ပြည်သူများစီးနင်းလိုက်ပါလာသည့် အရပ်ဘက်လေယာဥ်အား ပစ်ခတ်တိုက်ခိုက်မှုကို ပြင်းထန်စွာပြစ်တင်ရှုတ်ချဟု USDP ပါတီထုတ်ပြန်

0
399

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီက စက်တင်ဘာ ၃၀ ရက်နံနက်ပိုင်းက ရန်ကုန်-နေ ပြည်တော်-လွိုင်ကော် ပျံသန်းပြေးဆွဲသည့် MNA လေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဥ် လွိုင်ကော်လေဆိပ်သို့ ဆင်းသက်ရန်ပြုလုပ်စဥ် လက်နက်ကိုင်အဖွဲ့ဝင်များ၏ သေနတ်ဖြင့်ပစ်ခတ်ခံရပြီး ခရီးသည်တစ်ဦးကျည်ထိမှန်ဒဏ်ရာရရှိခဲ့မှုနှင့်ပတ်သက်၍ အောက်တိုဘာ ၂ ရက်က သ ဘောထားထုတ်ပြန်ကြေညာချက်ထုတ်ပြန်ခဲ့သည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းမှ လေယာဉ်အမှတ် XY–AML (ATR – 72(600))သည် ခရီး သည်(၆၃)ဦးတင်ဆောင်ကာ လွိုင်ကော်လေဆိပ်ဆင်းသက်ရန် လေယာဉ်ကွင်းသို့ချဉ်းကပ်ပျံသန်းစဉ် KNPP နှင့် PDF အဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်ခဲ့၍ လေယာဉ်၏ဘယ်ဘက်ဝမ်းဗိုက်ထိမှန်ကာ လေယာဉ်ပေါ်တွင် စီးနင်းလိုက်ပါသည့် ခ ရီးသည်တစ်ဦး၏ ညာဘက်ပါးတွင် ကျည်ဖောက်ဝင်ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်၌ ရေး သားထားသည်။

USDP ပါတီ၏ အမျိုးသားရေးမူဝါဒတွင် ပြည် ထောင်စုမပြိုကွဲရေး၊တိုင်းရင်းသားစည်းလုံးမှုမပြိုကွဲရေး၊အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးကို ထာဝစဉ် ဦးထိပ်ထားမည်၊ကာကွယ်ရေးမူဝါဒတွင် နိုင်ငံတော်အား ပြည်တွင်းပြည်ပအန္တရာယ်များမှ အပြည့်အဝကာကွယ်နိုင်စွမ်းရှိစေရန် ပြည်သူလူထုနှင့်အတူ တပ်မတော်နှင့်ပူး ပေါင်းဆောင်ရွက်မည်ဟု အတိအလင်းဖော်ပြထားသည်ဟုလည်း ရေးသားထုတ်ပြန်ခဲ့သည်။

နစက သည်ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ဦးတည်ချက် (၉)ရပ်ချမှတ်ကာ လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်း ပ၍ အနိုင်ရပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အ ညီ နိုင်ငံ့တာဝန်အားလွှဲအပ်နိုင်ရန် ဆောင်ရွက်နေဆဲကာလဖြစ်သည်ဟု ထုတ်ပြန်ရေးသားခဲ့သည်။

ထို့ကြောင့် ယခုအချိန်ကာလတွင် နိုင်ငံအတွင်း၌ မည်သည့်အကြမ်းဖက်လုပ်ဆောင်မှုကိုမဆို လုံးဝ(လုံးဝ)ဆန့်ကျင်ပါသည်ဟု USDP ပါတီ၏ထုတ်ပြန်ချက်၌ ရေးသားထားသည်။

အပြစ်မဲ့ပြည်သူများစီးနင်းလိုက်ပါလာသည့် အ ရပ်ဘက်လေယာဉ် လွိုင်ကော်လေဆိပ်သို့ ဆင်း သက်ရန် လေယာဉ်ကွင်းသို့ ချဉ်းကပ်ပျံသန်းစဉ် KNPP နှင့် PDF အဖွဲ့များ၏ ပစ်ခတ်တိုက်ခိုက်မှုအား ပြင်းထန်စွာပြစ်တင်ရှုတ်ချသည်ဟု ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီက ထုတ်ပြန် ရေးသားထားသည်။

USDP ပါတီနည်းတူ မြန်မာနိုင်ငံစစ်မှုထမ်း ဟောင်းအဖွဲ့၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)နှင့်မြန်မာနိုင်ငံသ တင်းမီဒီယာကောင်စီတို့မှလည်း အဆိုပါ ဖြစ်စဥ်မှ ပစ်ခတ်တိုက်ခိုက်ခဲ့သူများအား ပြင်းထန်စွာပြစ်တင်ရှုတ်ချကြောင်း အသီးသီးထုတ်ပြန်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here