တတိယမြောက်ချားလ်စ်ဘုရင် မင်းမြတ်သည် ရာသီဥတုဆိုင်ရာ ထိပ်သီးအစည်းအဝေးသို့ မတက်ရောက်ရန် ဆုံးဖြတ်ချက်ချ

0
454

လန်ဒန်၊ အောက်တိုဘာ ၂ 

တတိယမြောက် ချားလ်စ် ဘုရင်မင်းမြတ် သည် လာမည့်လတွင် အီဂျစ်၌ကျင်းပမည့် နိုင်ငံတကာ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ထိပ်သီးအစည်းအဝေးသို့မတက်ရောက်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့တဲ့လက ဗြိတိန်ဝန်ကြီးချုပ် လစ်ပ်သရပ်နှင့် ချားလ်စ်ဘုရင်တို ဘက်ကင်ဟမ် နန်းတော်၌ တွေ့ဆုံစဉ် သရပ်က COP27 အမည်ရ အဆိုပါ ထိပ်သီးအစည်းအဝေးပွဲသို ချားလ် တက်ရောက်မည့်အစီအစဉ်ကို ကန့်ကွက်ခဲ့ပြီးနောက် ယင်းဆုံးဖြတ်ချက် ထွက်ပေါ်လာခဲ့ကြောင်း ဆန်းဒေးတိုင်းမ် သတင်းဌာနက ဖော်ပြထားသည်။

သိုရာတွင် သရပ်အစိုးရ၏ အဖွဲ့ဝင်တစ်ဦးကအဆိုပါ ဆုံးဖြတ်ချက်အပေါ် အစိုးရနှင့် နန်းတော် နှစ်ဖက်စလုံးက သဘောတူညီခဲ့သည်ဟု ဆိုသည်။

“ကျွန်တော် သတိထားမိသလောက်ကတော့ ဒီဆုံးဖြတ်ချက်ဟာ နန်းတော်နဲ့ အစိုးရကြား အခင်အမင်မပျက် ညှိညှိနှိင်းနှိင်း ပြုလုပ်ခဲ့တာပါ၊ ချားလ်စ်ကို အဲဒီလို ပွဲတွေကို မတက်ရောက်ဖို့အမိန့်ပေးခဲ့တယ်ဆိုတဲ့ သတင်းတွေဟာ လုံးဝမမှန်ကန်ပါဘူး” ဟု ဆိုင်မွန် ကလက်ခ် က တိုင်းမ်စ် ရေဒီယို သို ပြောကြားခဲ့သည်။ 

ဗြိတိန် ဘုရင်စနစ်အတွက် ချမှတ်ထားသည့် စည်းမျဉ်းများအရ ဘုရင်အား နိုင်ငံရေးတွင် ဝင်ရောက်စွက်ဖက်ခြင်းမှ တားမြစ်ထားသည်။ 

လုပ်ထုံးလုပ်နည်းအရ တော်ဝင်မိသားစုဝင်များပြည်ပသို့ သွားရောက်လည်ပတ်သည့် ခရီးစဉ်အားလုံးကို အစိုးရ၏ အကြံပေးချက်များနှင့်အညီ ဆောင်ရွက်ရသည်။ 

ချားလ်စ်သည် မနှစ်က စကော့တလန်နိုင်ငံ၊ ဂလပ်စ်ဂို မြို့တွင် ကျင်းပခဲ့သော COP26 ရာသီဥတုဆိုင်ရာ ထိပ်သီးအစည်းအဝေးပွဲသို့ တက်ရောက်ခဲ့သည်။ ချားလ်စ်သည် ဘုရင်မဖြစ်သေးမီ ကာလများအတွင်း အစိုးရဝန်ကြီးများကို စည်းရုံးခဲ့သည်ဟူသော စွပ်စွဲချက်များအပါအဝင် အစိုးရကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခဲ့သည်ဟုလည်း စွပ်စွဲခံခဲ့ရသည်။

သို့ရာတွင် ချားလ်စ်သည် ယခုအခါ ဘုရင်ဖြစ်လာသောကြောင့် အများပြည်သူဆိုင်ရာ ကိစ္စရပ်များကို ထုတ်ဖော်ပြောဆိုခွင့် နည်းပါးလာကြောင်း ဝန်ခံခဲ့သည်။ 

တစ်ချိန်တည်းမှာပင် သူ၏အကြံပေးများသည် ချားလ်စ်၏ ဘုရင်တစ်ပါးအနေဖြင့် သွားရောက်မည့် ပထမဆုံးပြည်ပခရီးစဉ်အတွက် သင့်တော်မည့်အချိန်နှင့်နေရာကို အချိန်ယူရှာဖွေနေဆဲဖြစ်သည်။

Source: AP


LEAVE A REPLY

Please enter your comment!
Please enter your name here