အာဆီယံစက်ဘီးစီးပွဲနှင့်အာဆီယံမိသားစုနေ့တို့သို့ ဘယ်လ်ဂျီယံနိုင်ငံနှင့်ဥရောပသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးဦးစိုးလင်းဟန် တက်ရောက်

0
293

ဘယ်လ်ဂျီယံနိုင်ငံနှင့်ဥရောပသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီးဦးစိုးလင်းဟန်နှင့်ဇနီးတို့သည် အောက်တိုဘာ ၁ ရက်က (၄၅)ကြိမ်မြောက် အာဆီယံ-အီးယူ ဆက်ဆံရေးအထိမ်းအမှတ်အား ဂုဏ်ပြုသည့်အနေဖြင့် ဘရပ်ဆဲလ်မြို့၊မလေးရှားနိုင်ငံနှင့်အင်ဒိုနီးရှားသံရုံးများကကြီးမှူးကျင်းပသည့် အာဆီယံစက်ဘီးစီးပွဲနှင့်အာဆီယံမိသားစုနေ့အခမ်းအနားတို့သို့ တက်ရောက်ခဲ့သည်။

အာဆီယံစက်ဘီးစီးပွဲအား မလေးရှားသံရုံး၌ နံနက် ၁၀ နာရီခွဲကကျင်းပရာ တက်ရောက်လာကြသည့် ဧည့်သည်တော်များက မလေးရှားသံရုံးမှအင်ဒိုနီးရှားယဉ်ကျေးမှုစင်တာအထိ စက်ဘီးစီးနင်းခဲ့ကြသည်။

နံနက် ၁၁ နာရီခွဲတွင်လည်း အင်ဒိုနီးရှားယဉ်ကျေး မှုစင်တာ၌ အာဆီယံမိသားစုနေ့ အခမ်းအနားကို ဆက်လက်ကျင်းပရာ အာဆီယံဘရပ်ဆဲလ်ကော် မတီ(ABC)အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံ သံအမတ်ကြီး H.E. Mr. Nong Sakal နှင့်ဥရောပ သမဂ္ဂ ပြည်ပဆက်ဆံရေးဌာန(EEAS)၏ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ ဦးဆောင်ညွှန်ကြားရေးမှူး H.E. Mr. Gunnar Wiegand တို့ကအမှာစကားများ ပြောကြားခဲ့ကြကာ ဘရပ်ဆဲလ်မြို့အခြေစိုက် အာဆီယံနိုင်ငံသံရုံးများမှ သက်ဆိုင်ရာ နိုင်ငံအ လိုက်ယဉ်ကျေးမှုအဆို၊အကများဖြင့် ဧည့်ခံခဲ့ကြသည်။ 

ဥရောပကောင်စီ၊ဥရောပကော်မရှင်၊ဥရောပပါလီ မန်၊ဥရောပသမဂ္ဂ ပြည်ပဆက်ဆံရေးဌာန(EEAS) နှင့်ဘယ်လ်ဂျီယံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာ ဝန်ရှိသူများ၊သက်ဆိုင်ရာအရာရှိများ၊ဘရပ်ဆဲလ်မြို့အခြေစိုက် အာဆီယံနိုင်ငံသံရုံးများမှ သံအ မတ်ကြီးများနှင့်ဇနီးများ၊အခြားသံရုံးများမှ သံ အမတ်ကြီးများနှင့်ဇနီးများတက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here