၂၀၂၂ မြန်မာအမျိုးသမီးလိဂ် ပြိုင်ပွဲ ယနေ့စတင်ကျင်းပ

0
279

 

၂၀၂၂ မြန်မာအမျိုးသမီးလိဂ် (Myanmar Women League 2022) အမှတ်ပေးပြိုင်ပွဲကို ယနေ့ (အောက်တိုဘာ ၃) မှစ၍ ကျင်းပ‌နေပြီ ဖြစ်ကြောင်း သိရသည်။

Myanmar Women League 2022 အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲဦးထွက် ပွဲစဉ်အဖြစ်  Young Lionnesses အသင်းနှင့် သစ္စာအားမာန် အသင်းတို့သည် ယနေ့ ညနေ ၃ နာရီ ၃၀ မိနစ်တွင် ဗဟန်းမြက်ခင်းတုကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ပြီး သစ္စာအားမာန်အသင်းက Young Lionnesses အသင်းကို ၆ ဂိုး – ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

အမျိုးသမီးလိဂ်ပြိုင်ပွဲကို အောက်တိုဘာ ၃ ရက်မှ နိုဝင်ဘာ ၂၇ ရက်အထိ ‌ဗဟန်းမြက်ခင်းတုကွင်းနှင့် သုဝဏ္ဏစက်ဘီးလေ့ကျင့်ရေးကွင်း(၁) တို့တွင် ကျင်းပသွားမည်ဖြစ်ပြီး အား/ကာသိပ္ပံအက်ဖ်စီ၊ မြဝတီအက်ဖ်စီ၊ သစ္စာအားမာန် အက်ဖ်စီ၊ YREO FC၊ Sports & Education FC၊ Young Lionesses FC နှင့် Tanintharyi FC အသင်းတို့ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ချန်ပီယံအသင်းသည် လာမည့်နှစ် AFC Women’s Club Championship ပြိုင်ပွဲကို မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here