အင်ဒိုနီးရှား၏ဩဂုတ်လ၌နိုင်ငံခြားသားဝင်ရောက်မှု ကူးစက်ရောဂါစတင်ချိန်ကတည်းကအများဆုံးဖြစ်

0
166

ဂျကာတာ၊အောက်တိုဘာ ၃

အင်ဒိုနီးရှားနိုင်ငံသို့ ဩဂုတ်လအတွင်းနိုင်ငံခြားသား‌ဝင်ရောက်မှုသည် ကပ်ရောဂါစတင်ချိန်ကတည်းက အမြင့်ဆုံးဖြစ်ခဲ့သည်ဟု အောက်တိုဘာလ ၃ ရက် တနင်္လာကိန်းဂဏန်းများအရသိရှိရပြီး အဆိုပါရလဒ်သည် ကန့်သတ်ချက်များဖြေလျှော့လိုက်မှု၏ အကျိုးဆက်များဖြစ်သည်ဟုဖော်ပြထားသည်။

ဩဂုတ်လတွင် အင်ဒိုသို့လူဝင်ရောက်မှု ၅၁၀,၂၀၀ ခန့်ရှိခဲ့ပြီး အများသူငှာပါဝင်သည့် လှုပ်ရှားမှုများလည်း ဆက်လက်တိုးတက်နေခဲ့သဖြင့် ယခင်နှစ်သြဂုတ်လက လူဦးရေ ၁,၈၀၀ မှ ယခုပမာဏအထိတိုးလာခဲ့ခြင်းဖြစ်ကြောင်း အင်ဒိုနီးရှားစာရင်းအင်းဌာနအကြီးအကဲ မစ္စတာ Margo Yuwono က သတင်းထောက်များအားပြောကြားခဲ့သည်။

၎င်းပမာဏသည် ယခင်လ၏ ကိန်းဂဏန်းထက် အနည်းငယ်ပိုမိုများပြားခဲ့သည်ဟုလည်း ဖော်ပြထားသည်။

ကျယ်ပြန့်သော ခရီးသွားလာမှု ကန့်သတ်ချက်များ ချမှတ်ထားချိန်ဖြစ်သည့် ၂၀၂၁ ခုနှစ် ဇန်နဝါရီ မှ ဩဂုတ်အထိကာလတွင် ခရီးသွား ၈၁၂,၉၂ ဦးရှိခဲ့ပြီး ယခုနှစ်ဇန်နဝါရီမှသြဂုတ်လအတွင်း၌ အင်ဒိုနီးရှားနိုင်ငံသို့ ခရီးသွားဦးရေ ၁ ဒသမ ၇၃ သန်း ဝင်ရောက်ခဲ့သည်ဟု နှိုင်းယှဉ်ပြထားသည်။

သို့သော်လည်း ယခုတိုးတက်မှုသည် အင်ဒိုနီးရှားနိုင်ငံသို့ နိုင်ငံခြားဧည့်သည် ၈ သန်းခန့် လာရောက်လည်ပတ်ခဲ့သည့် ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ် ကပ်ရောဂါအကြိုကာလများ နှင် နှိုင်းယှဉ်ပါမူသိသိသာသာနည်းပါးနေသေးသည်ဟုပါရှိသည်။

Source :Reuters/st


LEAVE A REPLY

Please enter your comment!
Please enter your name here