သုခဘုံငှက်ဥယျာဉ်သစ်အား ၂၀၂၃ ခုနှစ်တွင် မန်ဒိုင်း၌ ဖွင့်လှစ်သွားမည်

0
252

စင်ကာပူ၊ အောက်တိုဘာ ၃

စင်ကာပူရှိ အာရှတိုက်၏ အကြီးဆုံး ငှက်ဥယျာဉ်ဖြစ်သည့် ဂျူရွန်ငှက်ဥယျာဉ်ကို ဇန်နဝါရီလ ၃ ရက်နေ့တွင် ပိတ်သိမ်းခဲ့ပြီးနောက် မန်ဒိုင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောရှိ သုခဘုံအမည်ရ ငှက်ဥယျာဉ်အသစ်ကို ၂၀၂၃ ခုနှစ်၏ ဒုတိယသုံးလပတ်အတွင်း ဖွင့်လှစ်ရန် စီစဉ်ထားသည်ဟု သိရသည်။

အဆိုပါ ဥယျာဉ််အသစ်တွင် အတွင်းသို့ ဝင်ရောက်လည်ပတ်ကာ ငှက်များကို အနီးကပ်ကြည့်ရှုနိုင်မည့် ငှက်ရုံ ရှစ်ရုံ ပါရှိမည်ဖြစ်ကြောင်း မန်ဒိုင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအဖွဲ့က အောက်တိုဘာလ ၃ ရက် တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

ငှက်နိဗ္ဗာန်ဥယျာဉ်သည် ကမ္ဘာတစ်ဝန်းမှ မတူညီသော သက်ရှိသတ္တဝါများ၏ ဆက်စပ်နေမှုများကို ထင်ဟပ်စေမည့် သဘာဝဆန်အောင် ပြုလုပ်ထားသော ငှက်မျိုးစိတ်တို့၏ နေထိုင်ရာမျိုးစုံကို ပြသသွားမည်ဟု အဆိုပါအဖွဲ့က ဆိုသည်။

ထို့အပြင် ၎င်းဥယျာဉ်အသစ်သည် ငှက်များ၏ သဘာဝအပြုအမူကို ပြသရန် ဒီဇိုင်း ပုံထုတ်ရေးဆွဲထားကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။  

သုခဘုံငှက်ဥယျာဉ်၏ အရွယ်အစားသည် ၄၂ ဧကခန့် သို့မဟုတ် ဘောလုံးကွင်း ၂၄ ကွင်းစာခန့်သာ ရှိသဖြင့် ဧက ၅၀ ခန့်ရှိသော ယခင် ဂျုရွန်ငှက်ဥယျာဉ်ထက် သေးငယ်မည်ဖြစ်သည်။ သို့ရာတွင် ထိုဥယျာဉ်အသစ်၌ ငှက်များနေထိုင်မည့် အဆောက်အအုံများသည် ယခင် ဥယျာဉ်ထက် ပိုကြီးမည်ဟု ဥယျာဉ်ရှိ ငှက်ထိန်းသူများက ဆိုသည်။

ထိုဥယျာဉ်တွင် ငှက်မျိုးစိတ် လေးရာကျော်မှ ငှက်ပေါင်း သုံးထောင့်ငါးရာခန့် ထည့်သွင်း ပြသသွားမည်ဖြစ်ပြီး ၎င်းတို့အနက် ၂၄ ရာခိုင်နှုန်းမှာ မျိုးသုဉ်းပျောက်ကွယ်မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည့် ငှက်များဖြစ်သည်။

ငှက်သုခ ဘုံ ၌ အောက်ချင်းငှက်မျိုးစိတ် ၂၀ ကျော်ကိုလည်း ပြသသွားမည်ဖြစ်ပြီး လူသားတို့ စောင့်ရှောက်မှုအောက်ရှိ ကမ္ဘာ့အကြီးဆုံး အောက်ချင်းငှက် မျိုးရိုးဗီဇထိန်းသိမ်းရာ နေရာဖြစ်လာမည်ဟု ၎င်းကအဖွဲ့က ပြောကြားခဲ့သည်။

Source -straitstimes


LEAVE A REPLY

Please enter your comment!
Please enter your name here