အခွန်များမှန်မှန်ကန်ကန်ပေးဆောင်ရန် နစက ဥက္ကဋ္ဌကတိုက်တွန်း

0
97

“အခွန်ကောက်ခံမှုနဲ့ပတ်သက်ရင် နိုင်ငံတကာ၊အာဆီယံထက် မြန်မာနိုင်ငံက နှုန်းထားအသက်သာဆုံးဖြစ်ပါတယ် အစိုးရအနေနဲ့ အခွန်ပေါ်မူတည်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ဆောင်ရွက်ရခြင်းဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

နိုင်ငံတကာထက်အခွန်နှုန်းများ များပြားနေသည်ကို တွေ့ရှိရပါက သတင်းပို့ဆောင်ရွက်ကြစေလိုသည်ဟုလည်း နစက ဥက္ကဋ္ဌကတိုက်တွန်းခဲ့သည်။

အထက်ပါ ​ပြောကြားချက်များမှာနစက ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အောက်တိုဘာ ၃ ရက်(ယနေ့)နံနက်ပိုင်းတွင် မြန် မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)နှင့်ရန်ကုန်တိုင်းအတွင်းရှိ အသေးစား၊အငယ်စားနှင့်အလတ်စားစီးပွားရေး(MSME)လုပ်ငန်းရှင်များအားတွေ့ဆုံစဥ်တိုက်တွန်းမှာကြားခဲ့ခြင်းဖြစ်သည်။

အခွန်တိမ်းရှောင်သူများ မရှိစေရန်လည်းကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး အခွန်များအား မှန်မှန်ကန်ကန်ပေးဆောင်စေလိုသည်ဟု ဆိုသည်။

အစိုးရ တစ်ရပ်အနေဖြင့် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို စိတ်ဝင်စားမှုရှိရမည်ဖြစ်ပြီး စီးပွားရေးသည် နိုင်ငံတစ်ခု၏ အသက်ပင်ဖြစ်ပြီး နိုင်ငံ့စီးပွားရေးပြိုကွဲပါက နိုင်ငံပြိုကွဲ မည်ဖြစ်ကာ နိုင်ငံရေးမတည်ငြိမ်မှုများကိုလည်း ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း၊ နိုင်ငံ တစ်ခုတွင် နိုင်ငံရေးမောင်းနှင်အား၊ စီးပွားရေး မောင်းနှင်အား၊ ကာကွယ်ရေး မောင်းနှင်အားများလိုအပ်ပြီး စီးပွားရေးကောင်းမွန်မှသာ နိုင်ငံတည်ငြိမ်မည်ဖြစ် ကြောင်းလည်းအလေးအနက်ထားဆွေးနွေးခဲ့သည်။

“နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွား ရေးလုပ်ငန်းရှင်တွေနဲ့ နိုင်ငံတော်နဲ့ပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကတိုက်တွန်းခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here