ဂျပန်သည် ကနေဒါ၌အမိုးနီးယားနှင့်မီသနော စီမံချက်များကို မျက်စိကျနေသည်ဟု အယ်လ်ဘာတာဝန်ကြီးဆို

0
236

တိုကျို၊အောက်တိုဘာ ၃

ဂျပန်ကုမ္ပဏီများသည် ရာသီဥတုပြောင်းလဲမှုကိုတိုက်ဖျက်ရန်နှင့် ကမ္ဘာလုံးဆိုင်ရာ စိမ်းလန်းသောစွမ်းအင်ထောက်ပံ့ရေးကွင်းဆက်များတည်ဆောက်ရန် ကြိုးပမ်းချက်တစ်ခုအဖြစ် အမိုးနီးယားနှင့်မီသနောထုတ်လုပ်ရန် ကနေဒါနိုင်ငံအယ်လ်ဘာတာပြည်နယ်၌ ရင်းနှီးမြှုပ်နှံဖို့ကြိုးပမ်းနေကြောင်း ပြည်နယ်ဝန်ကြီးတစ်ဦးကပြောကြားခဲ့သည်။

ကမ္ဘာကြီးသည်ရာသီဥတုကိုပြောင်းလဲစေသည့် ကာဗွန်ထုတ်လွှတ်မှုကိုလျှော့ချရန်ကြိုးပမ်းနေစဉ် ကနေဒါနိုင်ငံ၏ရေနံသဲများ တည်ရှိရာ အယ်လ်ဘာတာအား ဟိုက်ဒရိုဂျင် ထုတ်လုပ်မှုနှင့်ကာဗွန် သိုလှောင်မှုအတွက် အချက်အချာနေရာ ဖြစ်လာရန် ရည်မှန်းထားကြသည်။

ယင်းကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ဂျပန်နိုင်ငံသည် သဘာဝဓာတ်ငွေ့ရည် (LNG) နှင့် ကာဗွန်ပါဝင်မှုနည်းသော လောင်စာများဖြစ်သည့် ဟိုက်ဒရိုဂျင်၊အမိုးနီးယား တို့ကို ပုံမှန် ပေးသွင်းနိုင် ရန်နှင့်  ၂၀၅၀ ပြည့်နှစ်တွင်ကာဗွန် ထုတ်လုပ်မှု နှင့် ကာဗွန်ကို လေထုထဲမှ စုပ်ယူမှု ၌ မျှခြေရောက်ရှိစေရန်အတွက် ရင်းနှီးမြှုပ်နှံမှုကိုတိုးမြှင့်လိုသည်ဟုဖော်ပြထားသည်။ 

“ကျွန်ုပ်တို့သည် ဂျပန်ကုမ္ပဏီများနှင့် LNG ဆိုင်ရာစကားပြောဆိုမှုများ ပြုလုပ်နေသော်လည်း ၎င်းတို့၏စိတ်ဝင်စားမှုသည် ဟိုက်ဒရိုဂျင်အတွက်စီမံကိန်းအသစ်များသာဖြစ်သည်” ဟု အယ်လ်ဘာတာ ပြည်နယ် သဘာဝဓာတ်ငွေ့နှင့်လျှပ်စစ်ဆိုင်ရာ တွဲဖက်ဝန်ကြီး Dale Nally ကပြောကြားခဲ့သည်။

သယံဇာတရှားပါးသော အာရှနိုင်ငံသည် အယ်လ်ဘာတာအား ကွဲပြားစုံလင်ပြီး သန့်ရှင်းသောစွမ်းအင်ထုတ်ကုန်များကို လုံခြုံစိတ်ချစွာ ပံ့ပိုးပေးနိုင်သူအဖြစ်ရှုမြင်သည်ဟုလည်း ၎င်းကပြောကြားခဲ့သည်။

ဂျပန်ကုန်သွယ်ရေးကုမ္ပဏီ Itochu နှင့် မလေးရှားနိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီ Petronas တို့သည် အယ်လ်ဘာတာ၌ ကာဗွန်  ပါဝင်မှုနည်းသော အမိုးနီးယားနှင့်မီသနောတို့ကိုထုတ်လုပ်မည့် ကမ္ဘာ့အကြီးဆုံး ထုတ်လုပ်ရေးစက်ရုံများထဲမှ တစ်ခုဖြစ် ပေါ်လာစေရန် စူးစမ်းစစ်‌ဆေးရှာဖွေနေပြီဖြစ်သည်။

၎င်းတို့သည် ၂၀၂၄ ခုနှစ်တွင် အဆိုပါစက်ရုံအား စတင်ဆောက်လုပ်ရန် ရည်မှန်းထားပြီး ၂၀၂၇ တွင် စီးပွားဖြစ်ထုတ်လုပ်ရန် ရည်မှန်းထားသည်ဟုသိရှိရသည်။Itochu ၏ပြိုင်ဘက်ဖြစ်သော Mitsubishi နှင့် Shell Canada တို့သည်လည်း အယ်လ်ဘာတာတွင် ကာဗွန်နည်းသောဟိုက်ဒရိုဂျင်ကိုထုတ်လုပ်ရန် ယမန်နှစ်ကလက်မှတ်ရေးထိုးခဲ့သည်။

“အယ်လ်ဘာတာမှာ အမိုးနီးယားနဲ့မီသနောထုတ်လုပ်မှုနယ်ပယ်ထဲကို ဝင်ဖို့ကြိုးစားနေတဲ့ တခြားဂျပန်ကုမ္ပဏီတွေလည်း ရှိပါတယ်” ဟု Nally က ပြောကြားသော်လည်းနာမည်အတိအကျပေးရန်ကိုမူ ငြင်းဆိုထားသည်။

“သန့်ရှင်းသော ဟိုက်ဒရိုဂျင်ထုတ်လုပ်ရန် ရှာဖွေနေသည့် ဤကုမ္ပဏီများသည် ထိုသို့လုပ်ဆောင်ရန် ကာဗွန်ဖမ်းယူသိုလှောင်အသုံးချမှု (CCUS) လည်းလိုအပ်သဖြင့် ၎င်းတို့အနေဖြင့် CCUS တွင် လည်း ရင်းနှီးမြှုပ်နှံလိမ့်မည်” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

Source :Reuters/st


LEAVE A REPLY

Please enter your comment!
Please enter your name here