စားသုံးဆီကို ပြည်ပမှ တင်သွင်းနေရသူ (Importer) အဖြစ်မှ ပြည်ပသို့ ပြန်လည်တင်သွင်းသူ(Exporter) အဖြစ်ထိ ရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက်သွားကြရမည်

0
268

၂၀၂၁ ခုနှစ်မှ စတင်၍ ပြည်ပမှတင်သွင်းသည့် စားသုံးဆီများကို ထိန်းသိမ်းဆောင်ရွက်ခဲ့ပြီး မိမိတို့နိုင်ငံတွင် ဆီစားသုံးမှုများခြင်းနှင့်ပြည်တွင်းဆီထုတ်လုပ်မှုနည်းပါးခြင်းကြောင့် ပြည်တွင်းစားသုံးဆီလိုအပ်ချက်များနေခြင်းဖြစ်သည်ဟု(UMFCCI)နှင့်ရန်ကုန် တိုင်းအတွင်းရှိ(MSME)လုပ်ငန်းရှင်များနှင့်နစက ဥက္ကဋ္ဌ၊ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အောက်တိုဘာ ၃ ရက်နေ့ကတွေ့ဆုံစဉ်ပြောကြားခဲ့သည်။

ဆီထွက်ကုန်များအနက် မြေပဲသီးနှံတစ်ခုသာ အ ယထွက်နှုန်းကောင်းပြီး အခြားဆီထွက်သီးနှံများမှာ ပန်းတိုင်အထွက်နှုန်းရည်မှန်းချက်မပြည့်မီသည်ကိုတွေ့ရသည်ဟု ပြောသည်။

“ဆီထွက်သီးနှံတွေကို ပန်းတိုင်ရည်မှန်းချက်အထွက်နှုန်း ပြည့်မီအောင် ဆောင်ရွက်နိုင်မယ်ဆိုရင် ပြည်တွင်းဆီထုတ်လုပ်မှုတိုးတက်လာမှာဖြစ်ပါတယ် ဆီအုန်းကို စားဆီအပြင် စက်မှုလုပ်ငန်းတွေမှာလည်းသုံးတယ် ဆီအုန်းကိုပြည့်ဝအောင် မစိုက်ပျိုးတဲ့အတွက် ဆီထုတ်လုပ်မှုနည်းပါးနေတာဖြစ်ပါတယ် ပြည်တွင်းဆီလိုအပ်ချက် ပြည့်မီဖူလုံစေဖို့အတွက် လိုအပ်တာတွေကို နိုင်ငံတော်က ဖြည့်ဆည်းပေးသွားမှာပါ”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ကြောင့် ဆီထွက်သီးနှံစိုက်ပျိုးသည့် လုပ်ငန်းရှင်များနှင့်ဆီထုတ်လုပ်သူများအနေဖြင့် အမှန်တကယ် အလုပ်လုပ်ကြရန်လိုအပ်ကာ စိုက်ပျိုး ရေးတောင်သူ၊လုပ်ငန်းရှင်များနှင့်အစိုးရတို့ ပေါင်းစပ်ဆောင်ရွက်သွားပါက မကြာမီကာလအတွင်း ပြည်တွင်းဆီလိုအပ်ချက်အား ပြည့်မီအောင်ဆောင်ရွက်နိုင်မည်ဟု ပြောသည်။

“စားဆီကို ပြည်ပကတင်သွင်းနေရသူအဖြစ်ကနေ ပြည်တွင်းမှာ ပိုလျှံတဲ့အထိထုတ်လုပ်ပြီး ပြည်ပကို ပြန်လည်တင်သွင်းသူအဖြစ် ရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

စက်သုံးဆီနှင့်ပတ်သက်၍လည်းပြည်ပမှနှစ်စဉ်တင်သွင်းနေရသဖြင့် နိုင်ငံခြားငွေလိုအပ်ချက်များ ကန့်သတ်ချက်ဖြစ်ပေါ်လျက်ရှိကာ လျှော့ချနိုင်ရန် လျှပ်စစ်ဓာတ်အားသုံးအများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဟု ပြောသည်။

“ချက်ချင်းအကောင်အထည်ဖော်ဆောင်ရွက်လို့မရဘဲ အချိန်ယူဆောင်ရွက်ရမှာပါ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရာမှာလည်း လောင်စာနဲ့ဓာတ်ငွေ့ တွေသုံးတာထက် နေရောင်ခြည်စွမ်းအင်သုံးနဲ့လေစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်တာတွေကို ဆောင်ရွက်ရမှာဖြစ်ပါတယ် လျှပ်စစ် မီးတွေကိုလည်း မီးအားအသုံးပြုမှုသက်သာတဲ့ LED မီးတွေကို ပြောင်းလဲတပ်ဆင်အသုံးပြုဖို့လို အပ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ရေအားလျှပ်စစ်ဓာတ်အားများ ထုတ်လုပ်နိုင်ရန် အစိုးရမှကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး နေ ရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားများ ထုတ်ယူနိုင်ရန် တည်ဆောက်ရေးလုပ်ငန်းများ၊နျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်လည်း ဆောင်ရွက်လျက်ရှိကာ စိုက်ပျိုးရေး၊ကျန်းမာရေး၊ပညာရေးလုပ်ငန်းများတွင် နျူက လီးယားစွမ်းအင်အသုံးပြုနိုင်ရန် ညှိနှိုင်းလျက်ရှိသည်ဟု ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here