မြောက်ကိုရီးယားသည် ဂျပန်ကိုဖြတ်ကျော်၍ ပဲ့ထိန်းဒုံးကျည်တစ်စင်း ပစ်လွှတ်

0
276

မြောက်ကိုရီးယားသည် တောင်ကိုရီးယားနှင့် အမေရိကတို့ ကစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ပြီးနောက် ၁၀ ရက်အတွင်း ၎င်း၏ ပဉ္စမအကြိမ်မြောက် စမ်းသပ်မှုအနေဖြင့် ပဲ့ထိန်းဒုံးကျည်တစ်စင်းကို အောက်တိုဘာလ ၄ ရက် အင်္ဂါနေ့တွင် ဂျပန်နိုင်ငံကို ဖြတ်ကျော်၍ ပစ်လွှတ်ခဲ့သည်။

မြောက်ကိုရီးယားက ငါးနှစ်အတွင်း ၎င်း၏ပထမဆုံး နျူလက်နက်ကို စမ်းသပ်ရန် အဆင်သင့်ဖြစ်နေပြီဟူသော ခန့်မှန်းချက်များ ထွက်ပေါ်နေသည့်ကြားတွင် အဆိုပါဖြစ်ရပ် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

အဆိုပါဒုံးကျည်ကို ထောက်လှမ်းတွေ့ရှိခဲ့သော ဂျပန်ကမ်းခြေစောင့်တပ်နှင့် တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်တို့က ဂျပန်မြောက်ပိုင်းတွင် အရေးပေါ် ဥဩများဆွဲကာ သတိပေးခဲ့ပြီး ဒေသခံများအား အကာအကွယ်ယူရန် အကြံပေး လှုံ့ဆော်ခဲ့သည်။

ထိုအခြေအနေကြောင့် ဟော့ကိုင်းဒိုးအရှေ့မြောက်ပိုင်းနှင့် အာမိုရီ ဒေသများတွင် ရထားပြေးဆွဲမှုကို ယာယီရပ်ဆိုင်းထားသည်။

အဆိုပါဒုံးကျည်သည် ၂၀၁၇ ခုနှစ်နောက်ပိုင်း မြောက်ကိုရီးယားမှ ဂျပန်ကို ဖြတ်ကျော်၍ ပစ်လွှတ်လိုက်သည့် ပထမဆုံးဒုံးကျည်ဖြစ်ပြီး ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါက ထိုလုပ်ရပ်အား ရိုင်းစိုင်းသည်ဟုဆိုကာ ရှုတ်ချခဲ့သည်။

တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယိုကလည်း ယင်းပစ်လွှတ်မှုနှင့် ပတ်သက်၍ ပြတ်သားစွာ တုံ့ပြန်သွားမည်ဟုဆိုသာ သတိပေးခဲ့ကြောင်း ယွန်ဟပ် သတင်းဌာနက ဖော်ပြခဲ့သည်။

အဆိုပါ ပစ်ခတ်မှုအပေါ် တုံ့ပြန်သည့်အနေဖြင့် ခေါင်းဆောင်နှစ်ဦးစလုံးသည် ၎င်းတို့၏ သက်ဆိုင်ရာ အမျိုးသားလုံခြုံရေးကောင်စီ အစည်းအဝေးများကို ခေါ်ယူခဲ့သည်။

ထိုဒုံးကျည်သည် ပင်လယ်ပြင်အထက် အမြင့်ပေ တစ်ထောင် ကီလိုမီတာ (၆၂၁ မိုင်) အထိ ရောက်ရှိခဲ့ပြီး ပစိဖိတ်သမုဒ္ဒရာသို့ မကျရောက်မီ ကီလိုမီတာ လေးထောင်ခန့် (၂၄၈၅ မိုင်) ပျံသန်းခဲ့သည်ဟု ဂျပန်နိုင်ငံ၏ အများပိုင်ရုပ်သံလိုင်း NHKက ဆိုသည်။

Source: Aljazeera


LEAVE A REPLY

Please enter your comment!
Please enter your name here