နိုင်ငံတော်အနေဖြင့် ပြည်တွင်းလည်ပတ်သုံးစွဲငွေ များရှိပြီးဖြစ်၍ စီးပွားရေးလုပ်ငန်းများအတွက် လိုအပ်သည့်ချေးငွေများကို ထုတ်ပေးသွားမည်ဟု နစက ဥက္ကဋ္ဌပြော

0
221

ကိုဗစ်ကာလချေးငွေများအား နိုင်ငံတော်သို့ ပြန် လည်ပေးဆပ်ရန် အခက်အခဲများဖြစ်ပေါ်နေမှုကို ကာလတစ်ခုသတ်မှတ်ဆောင်ရွက်ပေးမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံငွေများရရှိရန်လည်း ဆောင်ရွက်ပေးသွားမည်ဟု (UMFCCI)နှင့်ရန်ကုန် တိုင်းအတွင်းရှိ (MSME)လုပ်ငန်းရှင်များနှင့်နစက ဥက္ကဋ္ဌ၊ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အောက်တိုဘာ ၃ ရက်နေ့ကတွေ့ဆုံစဉ်ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

“နိုင်ငံတော်အနေနဲ့ စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် ရင်းနှီးမြှုပ်နှံနိုင်အောင် ငွေ ကြေးတွေထုတ်ချေးပေးထားတာဖြစ်လို့ အမှန်တ ကယ်အောင်မြင်အောင် ဆောင်ရွက်ကြစေလိုပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ပြန်လည်ပေးဆပ်ရမည့် ကာလအတွင်း ပြည့်မီအောင်ပြန်လည်ပေးသွင်းနိုင်ရန်၊နိုင်ငံတော်သို့ပေးသွင်းရမည့် အခွန်အခများကိုလည်း အပြည့်အဝပေးသွင်းရန်လိုပြီး လာမည့်ဘတ်ဂျက်ကာလများတွင် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးရံပုံငွေ အ တွက်ထည့်သွင်းလျာထားဆောင်ရွက်သွားမည်ဟုပြောသည်။

“နိုင်ငံတော်ကကျန်ရှိတဲ့ ချေးငွေတွေပြန်ရမယ်ဆိုရင် ချေးငွေတွေကို ပိုပြီးပြည့်ဝအောင်ထပ်မံ ထုတ်ချေးပေးနိုင်မှာဖြစ်ပါတယ် နိုင်ငံတော်အနေနဲ့ ပြည်တွင်းလည်ပတ်သုံးစွဲငွေတွေရှိပြီးဖြစ်လို့ စီးပွားရေးလုပ်ငန်းတွေအတွက်လိုအပ်တဲ့ ချေးငွေတွေကို အတတ်နိုင်ဆုံးထုတ်ပေးသွားမှာဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ပြည်ပပို့ကုန်များမှရရှိသည့် နိုင်ငံခြားငွေများဖြင့် လိုအပ်သည့် ကုန်ကြမ်းများကို ပြည်ပမှတင်သွင်းခွင့်ပေးရန် ထည့်သွင်းစဉ်းစားပေးမည်ဖြစ်ကာ ကုန်ကြမ်းများရရှိရေးအတွက် ရင်းနှီးမြှုပ်နှံငွေ များရရှိရန် နိုင်ငံတော်မှ စီမံဆောင်ရွက်ပေးမည်ဟုပြောသည်။

စိုက်ပျိုးရေးလုပ်ငန်းတွင် နွေစပါးနှင့်ပဲတီစိမ်းစိုက်ပျိုးရန် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများမှ ရင်းနှီးမတည်ငွေများထုတ်ပေးခဲ့ပြီးဖြစ်ကာ နောင်နှစ်များတွင် အခြားစိုက်ပျိုးရေးလုပ်ငန်းများအား ရင်းနှီးမတည်ငွေများ ထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here