စားအုန်းဆီ ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ကျပ် ၄၀၂၀ အဖြစ်သတ်မှတ်ထားသော်လည်း ဈေးကွက်အတွင်း ၇၀ ၀၀ ကျပ်ကျော် ရောင်းချနေဆဲဖြစ်

0
268

ပြည်တွင်း စားသုံးဆီ ဈေးနှုန်းကို တစ်ပိဿာ ၄၀၀၀ ကျ ပ် ဝန်းကျင်အထိ လျှော့ချ သတ်မှတ်ထားသော်လည်း ဈေးကွက်အတွင်း၌ တစ်ပိဿာ ၇၀၀၀ ကျပ်ကျော်ဖြင့် ရောင်းချလျက်ရှိကြောင်း ပြည်သူများထံက သိရသည်။

စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီး ကြပ်ရေးကော်မတီက အပတ်စဉ် စားသုံးဆီ ‌ရည် ညွှန်းဈေးနှုန်းများကို သတ်မှတ်ပေးနေခြင်းဖြစ်ပြီး ယခုတပတ်အတွက် ရည်ညွှန်းဈေးမှာ ၄၀၂၀ ကျပ်ဖြစ်ကြော င်း ထုတ်ပြန်ထားသည်။

” ကော်မတီကတော့ သတ်မှတ်နေတာပဲလေ။ တကယ် မြေပြင်မှာက ဒီလောက်မကျသေးဘူး။ ၇၀၀၀ ကျော်နဲ့ ရောင်းနေတယ်။ အရင်ထက်တော့ နည်းနည်း ကျတယ်ပြောရမှာပေါ့။ ၂၀၀၀ ကျော်တော့ ကျသွားတယ်” ဟု ရွှေပြည်သာမြို့နယ်မှ ပြည်သူ တစ်ဦးက ပြောသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက် အောက်ရှိ  စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြ စ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်း ကျောင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းသို့ ထိန်းကျောင်း ဆောင်ရွက်ရာတွင် စားအုန်းဆီအ ဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချ က်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ် ဖောက်ကားရမည့် အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးနေခြင်း ဖြစ်သည်။

အဆိုပါ ကော်မတီမှ အောက်တိုဘာလ (၃) ရက်မှ (၁၀) ရ က်အထိ ရည်ညွှန်းသတ်မှတ်ထားသည့်ဈေးနှုန်းမှာ တစ်ပိဿာလျင် ၄၀၂၀ ကျပ်ဖြစ်ပြီး ဈေးနှုန်းမြှင့်တင်ရောင်း ချခြင်း၊ ဈေးကစား ရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အ ရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆော င်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ် ပြန်ထား သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here