ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းအတွက် ကန်ဒေါ်လာ (၅) သိန်းခွဲ လက်ခံခဲ့မှုနှင့် ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရသည့်အမှုကို ယခုတစ်ပတ် အပြီးသတ်အမိန့်ချမည်

0
319

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသို့ လှူဒါန်းသည့် ကန်ဒေါ်လာ ၅ သိန်းခွဲ လက်ခံခဲ့မှုနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရသည့် အမှုကို လာမည့် အောက်တိုဘာ ၁၂ ရက်တွင် အပြီးသတ်အမိန့်ချမည်ဖြစ်ကြောင်း တရား ရုံးနှင့် နီးစပ်သူများထံမှ သိရသည်။

စေပိုင်လုပ်ငန်းစု ဥက္ကဋ္ဌ ဦးမောင်ဝိတ်က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် ကန်ဒေါ်လာ ၅ သိန်းကျော် လှူဒါန်းရာတွင် ဒေါ်အောင်ဆန်းစုကြည်က လက်ခံခဲ့သည့်အတွက် အဂတိလိုက်စားသည်ဟုဆိုကာ နစကက တရားစွဲဆိုထားခြင်း ဖြစ်သည်။

အဆိုပါအမှုနှင့် ပတ်သတ်ပြီး ယနေ့ အောက်တိုဘာလ ၄ ရက်တွင် အပြီးသတ်လျှောက်လဲချက်တင်သွင်းကာ အော က်တိုဘာ ၁၂ တွင် အမိန့်ချရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သူများ ထံမှ သိရသည်။

အဆိုပါအမှုနှင့် ပတ်သက်၍ ယနေ့ အပြီးသတ် လျှောက်လဲချက်တွင် ဒေါ်အောင်ဆန်းစုကြည်က သူမတွင် အပြစ်မရှိဟု ပြောကြားခဲ့သည်ဟုလည်း သိရသည်။

စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသို့ အမေရိကန်ဒေါ်လာ ၅ သိန်းခွဲ လှူဒါန်းရာ နှစ်ကြိမ်ခွဲလက်ခံခဲ့သည်ဟုဆိုကာ ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ အမှု နှစ်ခုဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။

ဦးမောင်ဝိတ်သည် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် အမေရိကန်ဒေါ်လာ ၅ သိန်းခွဲလှူခဲ့ပြီး ငွေကြေးများကို ပရဟိတအတွက် အလှူငွေပေးအပ်ခဲ့ခြင်းသာဖြစ်ကြောင်း တရားရုံး၌ ကိုယ်တိုင်သက်သေလာရောက် ထွက်ဆိုထားသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်သည် အမှုစုစုပေါင်း ၁၉ မှုဖြင့် တရားစွဲဆိုခံထားရပြီး ထိုအထဲမှ ၁၂ မှုအတွက် ထောင်ဒဏ် အနှစ် ၂၃ အထိချမှတ်ခံထားရကာ ရဟတ်ယာဉ်ဝယ်ယူမှုနှင့် ပတ်သက်သည့် အဂတိအမှု ၅ မှု၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် ပတ်သတ်သည့် အဂတိအမှု ၂ မှု၊ စုစုပေါင်း ၇ မှုကို ဆက်လက်ရင်ဆိုင်နေရခြင်း ဖြစ်သည်။

Photo – Sae Paing Development Limited


LEAVE A REPLY

Please enter your comment!
Please enter your name here