ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ နိုင်ငံကူးလက်မှတ်အသစ်ပြုလုပ်ပါက လူကိုယ်တိုင်လာရောက်ရန် မြန်မာသံရုံးအသိပေး

0
401

ထိုင်းနိုင်ငံ၌ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ နိုင်ငံကူးလက်မှတ်အသစ်ပြုလုပ်ပါက ထိုင်းနိုင်ငံ၊ဗန်ကောက်မြို့ရှိ မြန်မာသံရုံးနှင့်ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့သို့ လူကိုယ်တိုင်လာရောက်ပြုလုပ်ကြရန် ထိုင်းနိုင်ငံဆိုင်ရာ မြန် မာသံရုံးက အသိပေးခဲ့သည်။

ထိုသို့ အသိပေးရခြင်းမှာ ဗန်ကောက်မြို့၊သုဝဏ္ဏဘူမိလေဆိပ်တွင် သံသယရှိသည့် မြန်မာနိုင်ငံကူး လက်မှတ်ကိုင်ဆောင်မှုဖြင့် မြန်မာနိုင်ငံသားတစ်ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။

မြန်မာသံရုံး၊ဗန်ကောက်မြို့မှ တာဝန်ရှိသူများက ကူညီရန်သွားရောက်ပြီး နိုင်ငံကူးလက်မှတ်အားစစစ်ဆေးရာ ကိုင်ဆောင်သူကိုယ်တိုင် သွားရောက် လုပ်ကိုင်ခြင်းမပြုဘဲ ပွဲစားမှတစ်ဆင့် ပြုလုပ်ပေးထားသည့် ပြင်ရာဖျက်ရာများပါသော နိုင်ငံကူး လက်မှတ်ဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။

ထို့ကြောင့် နိုင်ငံကူးလက်မှတ်ပြုလုပ်လိုသူများသည် ဗန်ကောက်မြို့ရှိ မြန်မာသံရုံးနှင့်ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့သို့ ကိုယ်တိုင်လာရောက်၍ ဓါတ်ပုံရိုက်ခြင်း၊မျက်စေ့နှင့်လက်ဗွေစစ်ဆေးမှုပြုခြင်းများခံယူရမည်ဖြစ်သည်။

ယင်းသို့ ပြုလုပ်ခံယူပြီးမှသာ နိုင်ငံကူးလက်မှတ်အသစ်လုပ်ငန်းစဉ်များအား သံရုံး၊ကောင်စစ်ဝန်ချုပ်ရုံးဝန်ထမ်းများက ဆက်လက်ပြုလုပ်ပေးခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here